Connect with us

Media

တရုတ်နိုင်ငံခြားကုန်သွယ်မှု စဉ်ဆက်မပြတ်တိုးတက်လျက်ရှိ

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်၊ ပို့ကုန်မှာ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ယမန်နှစ်အလားတူကာလထက် ၄.၇ ရာခိုင်နှုန်း၊ ယွမ် ၁၆.၇၇ ထရီလီယံ တိုးတက်ခဲ့ပြီး ပြည်ပဝယ်လိုအား လျော့နည်းနေသည့်ကြားမှ ဆက်လက် ကြံ့ကြံ့ခံရပ်တည်နေသည်ကို ဖော်ပြလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပထမငါးလအတွင်း ပို့ကုန်များမှာ ယမန်နှစ်အလားတူကာလထက် ၈.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို သွင်းကုန်အနေဖြင့်လည်း ၀.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က ဇွန် ၇ ရက်က ပြောခဲ့သည်။
အမေရိကန်ဒေါ်လာပမာဏအနေဖြင့် အဆိုပါ ကာလအတွင်း စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂.၄၄ ထရီလီယံရှိခဲ့ကြောင်း သိရသည်။

မေလတစ်လတည်းတွင်ပင် နိုင်ငံခြားကုန်သွယ်မှုမှာ ယမန်နှစ်အလားတူကာလထက် ၀.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လေးလဆက်တိုက် ပြည်ပကုန်သွယ်ရေးတိုးတက်ခြင်း အထိမ်းအမှတ်လည်း ဖြစ်ကြောင်း GAC အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုအဆောက်အအုံ တိုးတက်မှုရှိစေရန် နိုင်ငံခြားကုန်သွယ်မှု ထုတ်ကုန်အချို့အတွက် အစိမ်းရောင်နှင့် ကာဗွန်လျော့နည်းသော စံချိန်စံညွှန်းများ ဖော်ထုတ်ရန်၊ နယ်စပ်ဖြတ်ကျော် e-commerce လက်လီသွင်းကုန်နှင့် ဆက်စပ်သော အခွန်မူဝါဒများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများကို လမ်းညွှန်ပေးနိုင်ရန်နှင့် ထိရောက်သော အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း တိုးတက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s foreign trade shows resilience amid sustained growth
BEIJING, June 7 (Xinhua) — China’s total imports and exports expanded 4.7 percent year on year to 16.77 trillion yuan in the first five months of 2023, showing continued resilience amid sluggish external demand.
Exports grew 8.1 percent year on year while imports rose 0.5 percent in the first five months, the General Administration of Customs (GAC) said Wednesday.
In U.S. dollar terms, total foreign trade came in at 2.44 trillion U.S. dollars in the period.
In May alone, foreign trade increased 0.5 percent year on year, marking the fourth consecutive month of foreign trade growth, according to the GAC.
To improve the foreign trade structure, China will formulate green and low-carbon standards for some foreign trade products, guide enterprises to make good use of cross-border e-commerce retail export-related tax policies and improve the efficiency of customs clearance.
Photo: This aerial photo taken on May 9, 2023 shows the container terminal at Lianyungang Port, east China’s Jiangsu Province. (Photo by Geng Yuhe/Xinhua)