Connect with us

Media

ကနေဒါတောမီးမှ မီးခိုးငွေ့များကြောင့် အမေရိကန်ပြည်သူ သန်း ၁၂၀ ကျော်အား လေထုအရည်အသွေး သတိပေးချက်ထုတ်ပြန်ထား

လော့အိန်ဂျလိစ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကနေဒါ တောမီးမှ ထွက်ပေါ်လာသောမီးခိုးငွေ့များက အမေရိကန်နိုင်ငံတစ်ဝန်း ဆက်လက်ပျံ့နှံ့လျက်ရှိပြီး နိုင်ငံ အနောက်အလယ်ပိုင်းမှ အရှေ့ဘက်ကမ်းရိုးတန်းအထိ ဒါဇင်နှင့်ချီသည့် ပြည်နယ်များရှိ လူသန်းပေါင်း ၁၂၀ ကျော်အား လေထုအရည်အသွေးသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ကနေဒါနိုင်ငံတစ်ဝန်း ရာနှင့်ချီသော အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုရာသီအဖြစ် စံချိန်တင်ခဲ့ပြီး မီးလောင်ကျွမ်းမှုပေါင်း ၂၅၀ ကျော်ကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း Canadian Interagency Forest Fire Centre ၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးခိုးငွေ့များက ဇူလိုင် ၄ ရက် အားလပ်ရက်အတွင်း အမေရိကန်နိုင်ငံသားများအတွက် ခရီးသွားလာမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး လေယာဉ်ခရီးစဉ်နှောင့်နှေးမှုနှင့် ဖျက်သိမ်းမှုများကို ဖြစ်ပေါ်စေမည်ကို တာဝန်ရှိသူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ကနေဒါ တောမီး မီးခိုးငွေ့များက ဥရောပတိုက်အထိ ဝေဝါးနေသော ကောင်းကင်ယံ ဖြစ်ပေါ်စေကြောင်း သိရသည်။

တောမီးမီးခိုးငွေ့များနှင့် ပြာများသည် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ကို ထိခိုက်စေနိုင်ပြီး ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
……………………………
(English Version)
Over 120 mln Americans across dozen states under air quality alerts due to Canadian wildfire smoke
LOS ANGELES, June 29 (Xinhua) — Over 120 million people across more than a dozen U.S. states from the Midwest to the East Coast are under air quality alerts as of Thursday, as smoke from Canadian wildfires continues to sweep across the country.
Canada is seeing its worst fire season on record as hundreds of blazes rage across the country, with more than 250 burning “out of control,” according to the Canadian Interagency Forest Fire Centre.
Officials are concerned that the smoke could hinder travels and lead to flight delays and cancellations for Americans during the July 4 holiday.
Canadian wildfire smoke is causing hazy sky as far away as Europe.
Wildfire smoke and ash can irritate eyes, nose, throat and lungs, making people cough or wheeze and can make it hard to breathe, according to the U.S. Centers for Disease Control and Prevention (CDC).■
The Lincoln Memorial, the Washington Monument and the U.S. Capitol building are shrouded in haze, as smoke from wildfires in Canada brings unhealthy air quality to the East Coast, in Washington, D.C., the United States, on June 7, 2023. (Photo by Aaron Schwartz/Xinhua)