Connect with us

Media

တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်များကို နိုင်ငံတကာစံချိန်စံညွှန်းများဖြင့် ချိန်ညှိရန် ပြုပြင်ပြောင်းလဲလျက်ရှိ

ပေကျင်း၊ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒမြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသလို သင့်လျော်သော လွတ်လပ်သောကုန်သွယ်မှုဇုန် (FTZs) အချို့နှင့် ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတို့တွင် အရည်အသွေးမြင့် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဥပဒေများနှင့် ချိန်ညှိရေးအတွက် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်ကောင်စီက ဇွန် ၂၉ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

သင့်လျော်သော FTZ များသည် ရှန်ဟိုင်း၊ ကွမ်တုန်း၊ ထျန်းကျင်း၊ ဖူကျန့်နှင့် ပေကျင်း စသည်တို့၌ တည်ရှိကြောင်း သိရသည်။

အဆိုပါ ရှေ့ပြေးဒေသများသည် ကုန်စည်ကုန်သွယ်ရေး၌ တီထွင်ဆန်းသစ်မှု မြှင့်တင်ရန် ကနဦးစက်မှုလုပ်ငန်းများရှိ ပြန်လည်ထုတ်လုပ်ထားသော ကုန်စည်များ တင်ပို့ရန် တွန်းအားဖြစ်စေမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှေ့ပြေးဧရိယာများရှိ နိုင်ငံခြားငွေကြေးအဖွဲ့အစည်းများအား တရုတ်အဖွဲ့အစည်းများကဲ့သို့ အလားတူဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးရန် ခွင့်ပြုပေးခြင်းဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပထမဆုံး လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ၂၀၁၃ ခုနှစ်တွင် ရှန်ဟိုင်းမြို့၌ တည်ဆောက်ခဲ့ပြီး FTZ အရေအတွက်မှာ ၂၁ ခုအထိ ရောက်ရှိလာကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China’s FTZs deepen reforms to align with international standards
BEIJING, June 29 (Xinhua) — China plans to deepen reforms in some eligible free trade zones (FTZs) and Hainan Free Trade Port to align with high-standard international economic and trade rules amid efforts to boost institutional opening-up, said a circular released by the State Council on Thursday.
The eligible FTZs are located in Shanghai, Guangdong, Tianjin, Fujian and Beijing.
The pilot regions will be encouraged to export re-manufacturing goods in primary industries to promote innovation in goods trade, said the circular. It added that aircraft, ships, and relevant parts and components transported into the pilot areas after undergoing temporary repair from overseas are exempt from customs duties.
Efforts will be made to facilitate service trade, like allowing foreign financial institutions in the pilot areas to provide similar services as their Chinese counterparts.
China set up its first FTZ in Shanghai in 2013, and the number of its FTZs has increased to 21.
Photo: A citizen handles business at Shanghai’s Pilot Free Trade Zone Lingang Special Area in east China’s Shanghai, May 12, 2023. (Xinhua/Ma Ning)