Connect with us

Media

စပိန်နိုင်ငံက အပူချိန် ၄၄.၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားသော ဒုတိယမြောက်အပူလှိုင်းနှင့် ရင်ဆိုင်နေရ

မက်ဒရစ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ၌ ဒုတိယမြောက်အပူလှိုင်းကြောင့် အပူချိန်မြင့်မားမှုကို ဇူလိုင် ၁၁ ရက်၌ ဆက်လက်ခံစားနေရပြီး နိုင်ငံ၏ တောင်ပိုင်းတွင် အနည်းဆုံး ဇူလိုင် ၁၃ ရက်အထိ အပူချိန် ဆက်လက်မြင့်မားနိုင်ကြောင်း မိုးလေဝသဌာန (AEMET) မှ ထုတ်ပြန်ခဲ့သည်။

ဆာဟာရဒေသမှ ထွက်လာသော လေပူများကြောင့် Iberian ကျွန်းဆွယ် သည် ၂၀၂၃ခုနှစ်၏ အပူဆုံး ရက်သတ္တပတ်များထဲမှ တစ်ခုကို ကြုံတွေ့နေရပြီး AEMET က နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားကို အနီရောင်သတိပေးချက် ထုတ်ပြန်ထားသည်။
စပိန်နိုင်ငံတွင် ဒုတိယမြောက် အပူလှိုင်း၏ အမြင့်ဆုံးအပူချိန်အဖြစ် ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံ၏ တောင်ပိုင်း Granada ပြည်နယ်၊ Loja မြို့၌ ၄၄.၆ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့သည်။

ဇွန်လ နွေရာသီ၏ ပထမဆုံးအပူလှိုင်း ကို ဇွန်လနောက်ဆုံးသီတင်းပတ်ကကြုံတွေ့ခဲ့ပြီး အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားလာသဖြင့် ပြည်နယ် ၂၃ ခုတွင် အန္တရာယ်ရှိအဆင့် (အဝါရောင်) သို့မဟုတ် သိသာထင်ရှားသောအန္တရာယ်အဆင့် (လိမ္မော်ရောင်) အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Spain faces second heat wave with high temperatures up to 44.6 degrees Celsius
The high temperature in Spain, as a result of the second heat wave, continued on Tuesday and will remain at least until Thursday in the south, according to the State Meteorological Agency (AEMET).
Due to a ridge of hot air coming from the Sahara, the Iberian Peninsula is experiencing one of the hottest weeks of this year, prompting the AEMET to put several parts of the country on red alert.
The maximum peak of the second heat wave in Spain was recorded on Monday in the town of Loja in the southern province of Granada, with 44.6 degrees Celsius in the afternoon.
The first heatwave of the summer took place in the last week of June when 23 provinces were at risk (yellow) or significant risk (orange) as temperatures reached as high as 43 degrees Celsius.
Xinhua News Agency correspondents reporting from Madrid.(XHTV)