Connect with us

Media

တရုတ်နိုင်ငံထုတ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စမတ်ဘတ်စ်ကား မလေးရှားနိုင်ငံသို့ တင်ပို့သွားမည်

ချန်ရှား ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စမတ်ဘတ်စ်ကားတစ်စီးအား တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျူးကျိုးမြို့တွင် ဇူလိုင် ၁၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ရှန်ဟိုင်းဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ တင်ပို့ရန် အဆင်သင့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဘတ်စ်ကားကို CRRC Zhuzhou Institute ကုမ္ပဏီမှ ထုတ်လုပ်ပြီး မလေးရှားနိုင်ငံ Sarawak ပြည်နယ် မြို့တော် Kuching ရှိ မြို့ပြသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုထားသည့် ယင်းဘတ်စ်ကားသည် ဟိုက်ဒရိုဂျင်စွမ်းအင်တစ်ကြိမ် အားသွင်းရုံဖြင့် ၂၄၅ ကီလိုမီတာအထိ မောင်းနှင်နိုင်မည် ဖြစ်သည်။ဘတ်စ်ကားမှာ အားပြန်ဖြည့်ရန် အချိန်အနည်းငယ်သာ လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုကိုက်ညီကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
China-made hydrogen energy smart bus to be exported to Malaysia
A China-made hydrogen energy smart bus was delivered in Zhuzhou, central China’s Hunan Province on Friday, ready to be exported to Malaysia from Shanghai Port.
Developed by CRRC Zhuzhou Institute Co., Ltd., the bus will be used for urban transportation services in Kuching, capital of Sarawak state in Malaysia.
Powered by hydrogen energy, the bus can travel up to 245 kilometers on a single charge of hydrogen. It takes less time to refill and is more environment-friendly.
Xinhua News Agency correspondents reporting from Changsha, China.(XHTV)