Connect with us

China

မြစ်ကျဉ်းသုံးသွယ်ရေကာတာက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်ရှိ ဂေဟဗေဒပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ကျုံးရှန့်ခရိုင်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်နေရာဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာက တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ယန်ဇီမြစ်တစ်လျှောက် စတုရန်းကီလိုမီတာ ၁၀,၀၀၀ ခန့်ကို လွှမ်းခြုံထားသည်။
ရေကာတာ၏ ရေလယ်ဗယ်တွင် ရာသီဥတုကွာဟချက်များကြောင့် ယန်ဇီမြစ်တစ်လျှောက် ၃၄၉ စတုရန်းကီလိုမီတာ လွှမ်းခြုံထားသော ရေလယ်ဗယ် အတက်အကျရှိသောဇုန်တွင် အကျိုးဆက်ဖြစ်ပေါ်ခဲ့သည်။ ယင်းဇုန်သည် မြေဆီလွှာတိုက်စားခြင်းနှင့် ရေထုညစ်ညမ်းမှုများ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ တွေ့ကြုံခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ကျုံးရှန့်ခရိုင်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေလယ်ဗယ်အတက်အကျဇုန်တွင် သိပ္ပံပညာရပ်ဆိုင်ရာ စောင့်ကြည့်လေ့လာနေသော တရုတ်သိပ္ပံအကယ်ဒမီ (CAS) အောက်ရှိ Institute of Mountain Hazards and Environment မှ သုတေသီများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ အောက်ရှိ Institute of Mountain Hazards and Environment ၏ သုတေသီများက အဆိုပါ ရေကာတာဧရိယာတွင် မြေဆီလွှာတိုက်စားခြင်းနှင့် ရေလယ်ဗယ် အတက်အကျဇုန်၏ ဂေဟဗေဒဆိုင်ရာ ပြန်လည်ထိန်းသိမ်းခြင်းအား လေ့လာမှုများကို ၂၀၀၇ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်းက ရေကာတာဧရိယာ၏ ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်မှာ တိုးတက်လာခဲ့ပြီး ရေလယ်ဗယ်အတက်အကျဇုန်ရှိ မြေဆီလွှာတိုက်စားမှုမှာလည်း ဖြည်းဖြည်းချင်း လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………

(English Version)
Three Gorges Reservoir witnesses improved ecological environment in SW China’s Chongqing
The Three Gorges Reservoir region, home to the world’s largest hydropower project, covers about 10,000 square km along the Yangtze River, China’s longest waterway.
The seasonal gaps in the reservoir’s water levels have resulted in a water-level fluctuation zone covering 349 square kilometers along the Yangtze River. The zone suffers environmental problems, including soil erosion and pollution.
Researchers of the Institute of Mountain Hazards and Environment under CAS have, since 2007, conducted a raft of studies on soil erosion, and ecological restoration of the water-level fluctuation zone in the reservoir area.
In recent years, the ecological environment of the reservoir area has improved and the soil erosion in the water-level fluctuation zone has gradually reduced. (Xinhua/Huang Wei)
Photo 1: This aerial photo taken on July 5, 2023 shows an area of the Three Gorges Reservoir in Zhongxian County, southwest China’s Chongqing.
Photo 2: In this aerial photo, researchers of the Institute of Mountain Hazards and Environment under Chinese Academy of Sciences (CAS) carry out scientific monitoring at a water-level fluctuation zone of the Three Gorges Reservoir in Zhongxian County, southwest China’s Chongqing, July 5, 2023.