Connect with us

Media

တရုတ်အဆင့်မြင့်သံတမန်နှင့် အမေရိကန် ရာသီဥတုရေးရာ အထူးသံတမန်တို့ တွေ့ဆုံ

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန်နိုင်ငံ ရာသီဥတုရေးရာအထူးသံတမန် ဂျွန်ကယ်ရီနှင့် ဇူလိုင် ၁၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ကမ္ဘာကြီးသည် တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးကို လိုအပ်ကြောင်း ဝမ်က ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်များက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလက တွေ့ဆုံစဉ် အရေးပါသော ဘုံနားလည်မှုများ ရရှိခဲ့ကြပြီး နှစ်နိုင်ငံအနေဖြင့် ထိုဘုံနားလည်မှုများကို အကောင်အထည်ဖော်သင့်ကြောင်း၊ အတားအဆီးများကို ဖယ်ရှားရန် အတူတကွ ဆောင်ရွက်သင့်ကြောင်းနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးအား ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်သင့်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အစိမ်းရောင်၊ ကာဗွန်လျော့နည်းပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အစဉ်အမြဲခိုင်မာစွာ လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကိုင်တွယ်ဆောင်ရွက်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၌ တက်ကြွစွာပါဝင်လျက်ရှိကြောင်းနှင့် သန့်ရှင်း၍ လှပသောကမ္ဘာကြီးကို တည်ဆောက်မှု မြှင့်တင်လျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကလည်း အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်ရန် အထူးအလေးထားကြောင်း၊ ကမ္ဘာကြီး၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေး ထပ်မံမြှင့်တင်ရန် တရုတ်နိုင်ငံနှင့်အတူ အတူတကွကြိုးပမ်းအားထုတ်သွားရန် ဆန္ဒရှိကြောင်း အမေရိကန်နိုင်ငံ ရာသီဥတုရေးရာအထူးသံတမန် ဂျွန်ကယ်ရီက ပြောခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲ လေးစားလိုက်နာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရေး စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာအောင် ဆောင်ရွက်ရန် အသင့်ရှိကြောင်း ကယ်ရီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Senior Chinese diplomat meets U.S. special presidential envoy for climate
BEIJING, July 18 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met with U.S. Special Presidential Envoy for Climate John Kerry here on Tuesday.
Wang, also a member of the Political Bureau of the CPC Central Committee, said the world needs a stable China-U.S. relationship. In November, the two heads of state met in Bali, Indonesia, where they reached important common understandings. The two sides should implement these common understandings, work together to remove disturbances, and bring China-U.S. relations back to the track of sound development.
China has been committed to the path of green, low-carbon and sustainable development, actively engaged in international cooperation to deal with climate change, and promoted the construction of a clean and beautiful world, Wang said.
Noting that the U.S. side attaches great importance to stabilizing U.S.-China relations, Kerry said the United States is willing to make joint efforts with China to further improve bilateral relations for the benefit of the world.
The United States always adheres to the one-China policy and stands ready to strengthen cooperation with China in the spirit of mutual respect, properly handle differences between the two countries, and jointly cope with climate change and other global challenges, said Kerry.
Photo 1: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with U.S. Special Presidential Envoy for Climate John Kerry in Beijing, capital of China, July 18, 2023. (Xinhua/Ding Haitao)