Connect with us

Media

တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ “ငြိမ်းချမ်းရေးသင်္ဘောကြီး” ခီရီဘာတီနိုင်ငံသို့ ပထမဆုံးခရီးစဉ်ပြီးဆုံး

ဆစ်ဒနီ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ရေတပ် ဆေးဘက်ဆိုင်ရာ “ငြိမ်းချမ်းရေး သင်္ဘောကြီး” သည် ခီရီဘာတီနိုင်ငံသို့ ပထမဆုံးသွားရောက်ရေးခရီးစဉ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေးဗဟုသုတများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် ယင်းနိုင်ငံရှိ အလွှာအသီးသီးမှ ပြည်သူများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ ဇူလိုင် ၃ ရက်က ထွက်ခွာလာခဲ့သော “ငြိမ်းချမ်းရေးသင်္ဘောကြီး” သည် ပစိဖိတ်ကျွန်းနိုင်ငံ ငါးနိုင်ငံသို့ Mission Harmony 2023 ခရီးစဉ်၏ ပထမဆုံး ရပ်နားနေရာဖြစ်သည့် ခီရီဘာတီနိုင်ငံသို့ ဦးတည်သွားခဲ့ရာ မြို့တော် တာရာဝါရှိ ဘတ်တီယိုရှိ ဆိပ်ကမ်း၌ ဇူလိုင် ၁၅ ရက်တွင် ဆိုက်ကပ်ခဲ့သည်။
အဆိုပါသင်္ဘောကြီး၏ ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဇူလိုင် ၁၅ ရက်မှ ၂၂ ရက်အတွင်း လူနာ ၆,၆၃၃ ဦးအား ရောဂါရှာဖွေခြင်းနှင့် ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှု ၉၄ ခုနှင့် ဗိုက်ခွဲမွေးဖွားခြင်းနှင့် မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်း အပါအဝင် ခွဲစိတ်ကုသမှု ၂၀ ခု ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် “ငြိမ်းချမ်းရေး သင်္ဘောကြီး” ပေါ်တွင် ခီရီဘာတီလူမျိုး ကလေးငယ်တစ်ဦး မွေးဖွားခဲ့ရာ ခီရီဘာတီ သမ္မတ တန်နက်တီ မမ်မာအူ (Taneti Maamau) က ထိုကလေးငယ်ကို ခီရီဘာတီ ဘာသာစကားဖြင့် “ငြိမ်းချမ်းရေး သင်္ဘောကြီး” ဟု အဓိပ္ပါယ်ရသည့် “Aken Teraoi” ဟု အမည်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
China’s hospital ship “Peace Ark” completes 1st visit to Kiribati
SYDNEY, July 25 (Xinhua) — Chinese naval hospital ship “Peace Ark” has recently finished its first tour mission to Kiribati, providing medical services and imparting health knowledge to local communities, which received a warm welcome from all walks of life in the Pacific Island country.
Setting sail from east China’s Zhejiang Province on July 3, “Peace Ark” headed to Kiribati, the first stop of its Mission Harmony 2023 to five Pacific Island countries, and docked at a port at Betio in the national capital Tarawa on July 15.
From July 15 to July 22, the ship’s medical team diagnosed and treated 6,633 patients, conducted 94 physical examinations and performed 20 surgeries, including cesarean section and cataract operation.
“Peace Ark” also witnessed the birth of a Kiribati baby on board the vessel, who was named by Kiribati President Taneti Maamau “Aken Teraoi,” which means “Peace Ark” in the Kiribati language.