Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးသို့ တက်ရောက်မည်

ဖနွမ်းပင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Prak Sokhonn သည် ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ Prak Sokhonn သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ၏ ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) တွင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်ကြသည်။ (Xinhua)

…………………………………….
(English Version)
Cambodian FM to attend ASEAN FM meeting in Indonesia
PHNOM PENH, July 7 (Xinhua) — Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn will attend the 56th ASEAN Foreign Ministers’ Meeting (AMM) and related meetings in Jakarta, Indonesia from July 11 to 14, the country’s foreign ministry said in a press statement on Friday.
His attendance will be made at the invitation of Indonesian Foreign Minister Retno Marsudi, the statement said.
ASEAN (the Association of Southeast Asian Nations) groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Enditem