Connect with us

China

တရုတ်နိုင်ငံ ခေတ်မီအသွင်ကူးပြောင်းမှုအဆင့်မြှင့်တင်ရာတွင် ကျန်းဆူးပြည်နယ်က ဦးဆောင်ရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့၊ စူးကျိုးစက်မှုဥယျာဉ်ရှိ ပြပွဲစင်တာသို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က သွားရောက်လေ့လာနေစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံအရှေ့ပိုင်းရှိ ကျန်းဆူးပြည်နယ်အနေဖြင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ရာတွင် ဦးဆောင်ဦးရွက်ပြုကာ စံနမူနာဖြစ်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ ကျန်းဆူးပြည်နယ်သို့ စစ်ဆေးရေးခရီးသွားရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့၊ ဖိန်ကျန်းလမ်း သမိုင်းဝင်နှင့် ယဉ်ကျေးမှုနေရာသို့ သွားရောက်လေ့လာနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဆူးပြည်နယ်၏ စက်မှုကဏ္ဍအခြေခံအုတ်မြစ် ခိုင်မာအားကောင်းခြင်း၊ သိပ္ပံနှင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ကြွယ်ဝခြင်း၊ စီးပွားရေးဝန်းကျင်ကောင်းမွန်ခြင်းနှင့် ကြီးမားသောဈေးကွက် အရွယ်အစား ခိုင်မာခြင်း စသည်တို့အပေါ် ချီးကျူးပြောကြားလျက် ယင်းပြည်နယ်အနေဖြင့် ပြုပြင်ပြောင်းလဲမှု၊ တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းအပြင် ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို အားပေးမြှင့်တင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအား အထောက်အကူပြုနိုင်ရေးအတွက် စံနမူနာယူထိုက်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi urges Jiangsu to take lead in advancing Chinese modernization
NANJING, July 7 (Xinhua) — President Xi Jinping has called on east China’s Jiangsu Province to take the lead and set an example in advancing Chinese modernization.
Xi, general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks during an inspection trip in Jiangsu from Wednesday to Friday.
Lauding the strengths of Jiangsu’s solid industrial foundation, rich scientific and educational resources, sound business environment and huge market size, he urged the province to continue to play an exemplary role in promoting reform, innovation and high-quality development, as well as in contributing to China’s efforts to foster a new pattern of development.
Photo: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, visits the exhibition center of the Suzhou Industrial Park in Suzhou, east China’s Jiangsu Province, July 5, 2023. (Xinhua/Ju Peng)
Photo 2: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, visits a historic and cultural block of Pingjiang Road in Suzhou, east China’s Jiangsu Province, July 6, 2023. (Xinhua/Yan Yan)