Connect with us

Videos

နျူကလီးယားရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မှု ချက်ချင်းရပ်တန့်ရေး ဂျပန်အစိုးရအား အတူတိုက်တွန်းရန် နိုင်ငံတကာအသိုက်အဝန်းကို တရုတ်နိုင်ငံ နှိုးဆော်

ကုလသမဂ္ဂ၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရအား မှားယွင်းသည့်ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်၊ နျူကလီးယား ရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာနိုင်ငံများ၊ အကျိုးစီးပွား သက်ဆိုင်သူများနှင့် စိတ်ရင်းစေတနာအမှန်ဖြင့် ညှိနှိုင်းဆွေးနွေးရန် ၊ တာဝန်ယူမှုရှိစွာဖြင့် နျူကလီးယားရေဆိုးများကို စီမံရန်၊ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာပတ်ဝန်းကျင်၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ကျန်းမာရေးအကျိုးစီးပွားအပေါ် ခန့်မှန်း၍မရသော ပျက်စီးမှုနှင့်အန္တရာယ်များ ဖြစ်ပွားနိုင်မှုကို ရှောင်ရှားရန် အတူတိုက်တွန်းဖို့ နိုင်ငံတကာအသိုက်အဝန်းကို တရုတ်နိုင်ငံက နှိုးဆော်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ပင်လယ်သမုဒ္ဒရာသည် လူသားအားလုံး၏ ဘုံဥစ္စာဓန ဖြစ်သလို ပစိဖိတ်ကျွန်းနိုင်ငံများ၏ အသက်ရှင်နေထိုင်မှုအတွက် အားထားရာ အပြာရောင်ဥယျာဉ် ဖြစ်ကြောင်း ကိန်းစွမ်က ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ရေဆိုးစွန့်ထုတ်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၂ နှစ်က ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဆိုးရွားသည့် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ရေဒီယို သတ္တိကြွပစ္စည်းများပါဝင်သောရေများကို ပင်လယ်အတွင်းသို့ စွန့်ထုတ်ခဲ့ခြင်းကြောင့် ကြီးမားသော ဘေးအန္တရာယ်ဖြစ်ပွားခဲ့ကြောင်း၊ ၁၂ နှစ်ကြာပြီးနောက် ဩဂုတ် ၂၄ ရက်တွင်ပင် ဂျပန်အစိုးရက နိုင်ငံတကာအသိုက်အဝန်း၏မေးခွန်းထုတ်မှုနှင့်ဆန့်ကျင်မှုများကို လျစ်လျူရှု၍ တစ်ဖက်သတ်သဘောထားဖြင့် နျူကလီးယားရေဆိုးများကို ပင်လယ်အတွင်းသို့ စတင် စွန့်ထုတ်ခဲ့ရာ ဒေသခံပြည်သူများကိုသာမက ကမ္ဘာ့ပြည်သူလူထုအတွက် ဒုတိယအကြိမ် ထိခိုက်မှု ဖြစ်စေကြောင်း ၊ နျူကလီးယားရေဆိုး စီမံမှုသည် နိုင်ငံဖြတ်ကျော် သက်ရောက်မှုရှိပြီး ဂျပန်တစ်နိုင်ငံတည်း၏ကိစ္စ လုံးဝ မဟုတ်ကြောင်း၊ ဂျပန်၏ဤလုပ်ရပ်သည် အများ၏အကျိုးစီးပွားကို ဥပေက္ခာပြုခြင်းဖြစ်ပြီး နျူကလီးယား ညစ်ညမ်းမှုအန္တရာယ်ကို ပစိဖိတ်ကျွန်းနိုင်ငံများအပါအဝင် တစ်ကမ္ဘာလုံးသို့ ပြောင်ပြောင်တင်းတင်း လွှဲပေးလိုက်ခြင်း ဖြစ်ရာ အလွန်တစ်ကိုယ်ကောင်းဆန်၍ တာဝန်ယူမှုမရှိသည့် လက်လွတ်စလွယ်လုပ်ခြင်း ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ကိန်းစွမ်က ပင်လယ်အတွင်းသို့ နျူကလီးယားရေဆိုး တမင်ထုတ်လွှတ်ခြင်းသည် ယခုကနမူနာ မရှိခဲ့သလို အများအသိအမှတ်ပြုထားသော ရေဆိုးစီမံမှု စံချိန်စံညွှန်းလည်း မရှိကြောင်း ပြောကြားခဲ့သည်။ ဖူကူရှီးမား နျူကလီးယား ရေဆိုး ပင်လယ်အတွင်းသို့ စွန့်ထုတ်ခြင်းသည် ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်၊ စားသောက်ကုန် အန္တရာယ်ကင်းဘေးရှင်းရေးနှင့် လူသားမျိုးနွယ်တို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုကို ကာလကြာရှည် အစဉ်အမြဲ အထူးဂရုပြုလျက်ရှိပြီး ဂျပန်လုပ်ရပ်၏ မှန်ကန်မှု၊ တရားဝင်မှု ၊ လုံခြုံမှုက အစဉ်အမြဲအားဖြင့် အများ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း ၊ ဂျပန်အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း အထူး ဂရုပြုနေသည့် နျူကလီးယားရေဆိုး သန့်စင်စက်က ရေရှည်ယုံကြည်ရမှု ၊ နျူကလီးယားရေဆိုး ဒေတာအချက်အလက်များ၏ မှန်ကန်တိကျမှု၊ ပင်လယ်အတွင်းစွန့်ထုတ်ရန် စောင့်ကြည့်စစ်ဆေးမှုနည်းလမ်းများကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၏ ထိရောက်မှုတို့ကို မဖြေရှင်းရသေးကြောင်း၊ အကယ်၍ နျူကလီးယား ရေဆိုးသည် လုံခြုံဘေးကင်းမှု ရှိသည်ဆိုလျှင် ပင်လယ်အတွင်းသို့ စွန့်ထုတ်စရာ မလိုသလို အကယ်၍ လုံခြုံဘေးကင်းမှုမရှိဘူးဆိုလျှင် ပင်လယ်အတွင်းသို့ ပို၍ပင် မစွန့်ထုတ်သင့်ဟု တရုတ်နိုင်ငံစသည့် အကျိုးစီးပွားသက်ဆိုင်သူများက ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
———————————-
(国际)中方呼吁国际社会共同敦促日本政府立即停止核污染水排海
新华社联合国8月25日电(记者王建刚)中国常驻联合国副代表耿爽25日表示,中方呼吁国际社会共同敦促日本政府纠正错误决定,立即停止核污染水排海,以真诚态度同有关国家和利益攸关方善意沟通,以负责任方式处置核污染水,避免对全球海洋环境、对世界各国人民的健康福祉造成不可预测的破坏和危害。
耿爽在联合国大会关于日本福岛核污染水排海问题会议上指出,海洋是全人类的共同财产,更是太平洋岛国赖以生存的蓝色家园。12年前,日本福岛核电站发生严重事故,向海洋释放了大量放射性物质,造成巨大灾难。12年后,就在昨天,日本政府不顾国际社会质疑和反对,单方面强行启动核污染水排海,又给当地民众乃至世界人民造成二次伤害。核污染水处置具有跨国影响,绝不是日本一家私事。日方这一举动无视公共利益,公然向包括太平洋岛国在内的全世界转嫁核污染风险,极其自私自利,极其不负责任。
耿爽说,人为向海洋排放核事故污染水没有先例,也没有公认的处置标准。长期以来,围绕福岛核污染水排海对海洋环境、食品安全和人类健康的影响一直存在严重关切,日方做法的正当性、合法性、安全性也一直受到广泛质疑。日方迄未解决国际社会对于核污染水净化装置长期可靠性、核污染水数据真实准确性、排海监测方案的完善有效性的重大关切。中国等利益攸关方多次指出,如果核污染水是安全的,就没有必要排海,如果不安全,就更不应该排海。