Connect with us

Media

တရုတ်နိုင်ငံ နန်နင်းမြို့၌ အိမ်မွေးတိရစ္ဆာန်များအား တရုတ်ရိုးရာတိုင်းရင်းဆေးဖြင့် ကုသပေးနေ

နန်နင်း ၊ ဩဂုတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ အိမ်မွေးတိရစ္ဆာန်ဆေးရုံတစ်ခု၌ Liang Wennisha သည် အလုပ်သင်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။၎င်းက တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)ဖြင့် ကြောင်တစ်ကောင်အား ကုသရန် ဆရာဝန်ကို ကူညီပေးလျက်ရှိနေသည်။

“အခု ဆရာဝန်က အပူပေးကုထုံးနဲ့ကုသဖို့ လုပ်နေပါတယ်။ဒါက တရုတ်ရိုးရာတိုင်းရင်းဆေးပဲ ဖြစ်ပါတယ်။ ဒီကြောင်က ပဋိဇီဝဆေးတွေကို အချိန်တော်တော်ကြာအောင် သုံးခဲ့ရတာကြောင့် သူရဲ့ အူလမ်းကြောင်း နဲ့ အစာအိမ်လမ်းကြောင်း ကျန်းမာရေးက တကယ့်ကို အားနည်းသွားစေပါတယ်။ ဒါကြောင့် ဒီအပူကုထုံးနဲ့ သူရဲ့ ကိုယ်တွင်းကျန်းမာရေး ကောင်းစေဖို့ အခု ကျွန်မတို့ လုပ်ဆောင်နေပါတယ်”ဟု အိမ်မွေးတိရစ္ဆာန်ဆရာဝန်သင်တန်းသူ Liang Wennisha က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ တိရစ္ဆာန်များအား ကုသရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေးအသုံးပြုခြင်းသည် ရှေးယခင်ကတည်းက ရှိခဲ့သည်။ ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်သည့် ဆေးဝါး နှင့် အပ်စိုက်ကုထုံး ကဲ့သို့သော အခြေခံ တရုတ်ရိုးရာတိုင်းရင်းဆေး ကုထုံးအချို့အား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိနေကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
A glimpse of TCM treatment for pets in China’s Nanning
Liang Wennisha is an intern working at a pet hospital in Nanning City, south China’s Guangxi Zhuang Autonomous Region.
She is helping a doctor to perform a traditional Chinese medicine (TCM) treatment on a cat.
SOUNDBITE 1 (English): LIANG WENNISHA, Trainee pet doctor
“The doctor is performing heating therapy right now. This is traditional Chinese medicine. This cat was on antibiotics for a long time, so that made his intestinal and gastrointestinal health really weak. So right now we’re trying to improve his internal health with this heat.”
In China, the application of traditional Chinese medicine in treatment for animals has a long history. Some fundamental TCM therapies such as herbal medicines and acupuncture have been applied extensively.
Xinhua News Agency correspondents reporting from Nanning, China.(XHTV)