Connect with us

Media

တရုတ်ကုန်ထုတ်လုပ်မှုက ကမ္ဘာကြီးအား အကျိုးပြုသည့်အတွက်ကြောင့် ပြည်ပသံတမန်များက ချီးကျူး

အန်းဟွေး ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေ၌ “ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ဉာဏ်ရည်ဉာဏ်စွမ်းရှိသော ကုန်ထုတ်လုပ်မှု” ခေါင်းစဉ်ဖြင့် ၂၀၂၃ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွန်ဗင်းရှင်းအား စက်တင်ဘာ ၂၀ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပြခန်းပြသသူ စံချိန်တင်အရေအတွက်ဖြင့် ငါးရက်ကြာပြပွဲတွင် ပြခန်းများ ၊ ထိပ်သီးညီလာခံများနှင့် ဖိုရမ်များကဲ့သို့သော အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
ယင်းကွန်ဗင်းရှင်းသို့ ပြည်တွင်း ၊ ပြည်ပမှ ဧည့်သည် ၁,၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ပြည်ပသံအမတ်များနှင့် သံတမန် ၂၀ ကျော် ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ AI နှင့် စကားပြော နည်းပညာဆိုင်ရာ ထိပ်တန်းကုမ္ပဏီ ဖြစ်သည့် iFLYTEK နှင့် လျှပ်စစ်ကားထုတ်လုပ်သူ NIO တို့အပါအဝင် ဟဲဖေမြို့ရှိ ကုမ္ပဏီများထံသို့ သံအမတ်များနှင့်သံတမန်များက စက်တင်ဘာ ၁၉ ရက်တွင် သွားရောက်လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
GLOBALink | Chinese manufacturing praised by foreign envoys for benefiting world
The 2023 World Manufacturing Convention kicked off Wednesday in Hefei, capital of east China’s Anhui Province, built around the theme “Intelligent manufacturing for a better future.”
With a record number of exhibitors, the five-day event features activities such as exhibitions, summits and forums.
Over 1,200 guests from home and abroad attend the convention, including 20 foreign ambassadors and diplomats.
On Tuesday, the ambassadors and diplomats paid a visit to some local companies in Hefei, including electric vehicle manufacturer NIO and iFLYTEK, a leading AI and speech tech company in China.
Produced by Xinhua Global Service