Connect with us

Media

အခမဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်ခြင်းကြောင့် တရုတ် “Peace Angel” ဆရာဝန်များအား ကမ္ဘောဒီးယားလူနာများက ချီးကျူး

ဖနွမ်းပင် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အသက် ၅၁ နှစ်အရွယ် ကမ္ဘောဒီးယားလူနာတစ်ဦးဖြစ်သူ You Seavkheng အတွက် တရုတ် “Peace Angel” ဆရာဝန်အဖွဲ့က ဆောင်ရွက်ပေးသည့် အခမဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများက ၎င်း၏ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရုံသာမက ဆေးဖိုးဝါးခလည်း သက်သာခဲ့ရသည်။

“ကျွန်မက နာတာရှည်ခေါင်းကိုက်တာနဲ့ သွေးတိုးရောဂါ ခံစားနေရတာ နှစ်နှစ်လောက် ရှိပါပြီ ။ ဒီလိုမျိုး အခမဲ့ကုသပေးတာက ကောင်းပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာက ကျွန်မအပါအဝင် နွမ်းပါးတဲ့သူတွေ အများကြီး ရှိတဲ့အတွက်ကြောင့်ပါ။ကျွန်မတို့ကို ကုသပေးဖို့ ဆရာဝန်ကောင်းတွေ လာရောက်တဲ့အတွက် ဝမ်းသာရပါတယ်။ အချို့လူနာတွေက ပိုက်ဆံမရှိကြပါဘူး။ဒီလိုအခမဲ့ကုသပေးမှုက သူတို့အတွက် အလွန်အကျိုးရှိပါတယ်။ အများကြီးလဲ ကျေးဇူးတင်တယ်။ ပြီးတော့ ဒီလိုအခမဲ့ကုသမှုတွေ မကြာခဏ လုပ်ပေးမယ်ဆိုရင် ဝမ်းသာပါတယ်။ တရုတ်ဆရာဝန်တွေ ကျန်းကျန်းမာမာနဲ့ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု You Seavkheng က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမစ်ရှင်က နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ရန် ပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကလေးသုံးယောက်၏မိခင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ Peace Angel ဆေးအဖွဲ့က ဆေးဘက်ဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို လာခဲ့တာ ဒါပထမဆုံးပါ။ ၁၃ ရက်ကြာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတဲ့အခါ အနာဂတ်မှာ တရုတ်နဲ့ကမ္ဘောဒီးယားစစ်တပ်တွေအကြားမှာ ပိုပြီးတော့ ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ နှစ်ဘက်အကြား ဆေးဘက်ဆိုင်ရာ ဖလှယ်မှုတွေနဲ့ ပညာရေးဖလှယ်မှုတွေ ပိုပြီးတော့ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြားမှာ ချစ်ကြည်ရင်းနှီးမှုက အမြဲတမ်းတည်ရှိနေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု Peace Angel ဆေးအဖွဲ့ခေါင်းဆောင် ZHANG YI က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Cambodian patients praise Chinese “Peace Angel” medics for offering free medical services
For You Seavkheng, a 51-year-old Cambodian patient, free medical services provided by a Chinese “Peace Angel” medical team have not only helped improve her health, but also saved her money on medical expenses.
SOUNDBITE 1 (Khmer): YOU SEAVKHENG, 51-year-old patient from Phnom Penh
“I have had a chronic daily headache and high blood pressure for two years.Such a free treatment is good because our country has many needy people including me, and we’re delighted that good doctors come to treat us.Some patients have no money, so this (free) treatment is very beneficial to them.Many thanks, and I’m happy if such a free treatment has been conducted often. I wish them (Chinese medics) good health and safe travel back home.”
The mother of three children said this humanitarian mission would contribute further to promoting friendship between the peoples of the two countries.
SOUNDBITE 3 (Chinese): ZHANG YI, Leader of “Peace Angel” medical team
“This is the first time that our Peace Angel medical team has come to Cambodia to provide medical drills and medical services. After this 13-day cooperation, I believe that there will be more and more medical cooperation between our Chinese and Cambodian militaries in the future. Moreover, the medical exchanges and academic exchanges between our two sides will become better and better. I hope that the friendship between China and Cambodia will last forever.”
The team is scheduled to travel to the northwestern Siem Reap province to provide such free medical services to patients there, he said.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)