Connect with us

Media

တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း သံသယရှိသူ ၇၂ ဦး ဖမ်းဆီးရမိ

အန်ကာရာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်နယ် ၇ ခုတွင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း သံသယရှိသူ ၇၂ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့ကြောင်း တူရကီလုံခြုံရေးဝန်ကြီး Ali Yerlikaya က စက်တင်ဘာ ၂၄ ရက်၌ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယင်းစစ်ဆင်ရေးအား Agri ၊ Mugla ၊ Diyarbakir ၊ Tekirdag ၊ Sakarya ၊ Aydin နှင့် Bingol ပြည်နယ်တို့၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………….
(English Version)
Turkish security forces arrest 72 suspects in anti-narcotic operations
Turkish security forces detained at least 72 suspects in anti-narcotic operations across seven provinces, Turkish Interior Minister Ali Yerlikaya said in a statement on Sunday.
The operations were carried out in the provinces of Agri, Mugla, Diyarbakir, Tekirdag, Sakarya, Aydin and Bingol, according to the statement.
Xinhua News Agency correspondents reporting from Ankara.(XHTV)