Connect with us

Media

တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး တံတားပေါ်၌ ကျင်းပသော စွန့်စားအားကစားနည်းများတွင် ပြည်ပအားကစားသမားများ ပါဝင်ဆင်နွှဲ

ကွေ့ယန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုင်ငံတကာ မြင့်မားသောတံတားပေါ်တွင် စွန့်စားအားကစားနည်း ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်၌ ကျင်းပပြီးစီးခဲ့သည်။
အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၁၁ ခုမှ အားကစားသမား အယောက် ၂၀ သည် ပေဖန်ကျန်းတံတားပေါ်မှအမြင့်ခုန်ခြင်း (BASE Jumping) ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါတံတားသည် တောင်ကြားအထက် ၅၆၅ မီတာတွင်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှ အသိအမှတ်ပြုခံထားရကြောင်း သိရသည်။ (Xinhua)

………………………………..
GLOBALink | Foreign athletes join extreme sports on world’s highest bridge in China
The 2023 International High Bridge Extreme Sports Invitational Tournament wrapped up Thursday in southwest China’s Guizhou Province.

Twenty athletes from 11 countries and regions, including Italy, France, Canada and the United States, performed BASE jumping from the Beipanjiang Bridge.

The bridge, sitting over 565 meters above a valley, has been certified as the world’s highest by Guinness World Records.

 

Produced by Xinhua Global Service