Connect with us

Asia

မြောက်ကိုရီးယားက ပထမဆုံး ဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘော မိတ်ဆက်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ အလယ်ပိုင်းတွင် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော ကိုရီးယားပြည်သူ့တပ်မတော် ဒုံးကျည်တပ်ဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်မတိုင်မီ ပထမဆုံး ဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို စက်တင်ဘာ ၆ ရက်၌ မိတ်ဆက်ခဲ့ကြောင်း အစိုးရပိုင် Korean Central News Agency (KCNA) က စက်တင်ဘာ ၈ ရက်၌ သတင်းဖော်ပြခဲ့သည်။

အမှတ် ၈၄၁ ရေငုပ်သင်္ဘောသည် ယင်းအမျိုးအစား၌ ပထမဆုံးဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ အာဏာရပါတီဖြစ်သော ကိုရီယားအလုပ်သမားပါတီ (WPK) ဗဟိုစစ်ကော်မရှင်၏ ညွှန်ကြားချက်အရ ကိုရီးယားပြည်သူ့တပ်မတော်၏ အရှေ့ပင်လယ်သင်္ဘောအုပ်စုရှိ ရေငုပ်သင်္ဘောအဖွဲ့သို့ လွှဲပြောင်းခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောကို “သူရဲကောင်း Kim Kun Ok” ဟု အမည်ပေးထားကြောင်း သတင်းက ဖော်ပြထားသည်။
Kim Kun Ok ဆိုသည်မှာ မြောက်ကိုရီးယားနိုင်ငံ ရေတပ်၏ ပထမမျိုးဆက် ကွပ်ကဲရေးအရာရှိ သူရဲကောင်းအဖြစ် ရိုသေလေးစားခြင်းခံရသူဖြစ်ကြောင်း သတင်းက ဆိုသည်။

အသစ်တည်ဆောက်ထားသော ရေငုပ်သင်္ဘောသည် မြောက်ကိုရီးယား ရေတပ်၏ “အဓိက ပင်လယ်ရေအောက် ကာကွယ်ရေးရည်ရွယ်ချက်များအနက် တစ်ခု” အဖြစ် တိုက်ခိုက်ရေးမစ်ရှင်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း WPK အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအန်းက စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်သည့် ရေငုပ်သင်္ဘောမိတ်ဆက်ခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားပြီးနောက် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်က ရေငုပ်သင်္ဘောနှင့် လိုက်ပါသွားခဲ့ပြီး သင်္ဘော၏ လက်နက်စနစ်နှင့် ရေအောက်စစ်ဆင်ရေးစွမ်းဆောင်မှုကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြောင်း KCNA က သတင်းဖော်ပြခဲ့သည်။ (Xinhua)

………………………………
(English Version)
DPRK launches 1st tactical nuclear attack submarine
SEOUL, Sept. 8 (Xinhua) — The Democratic People’s Republic of Korea (DPRK) launched its first tactical nuclear attack submarine on Wednesday, ahead of the country’s 75th founding anniversary, the official Korean Central News Agency (KCNA) reported Friday.
Under the order of the Central Military Commission of the country’s ruling Workers’ Party of Korea (WPK), the No. 841 submarine, the first of its kind, was transferred to a submarine squadron affiliated with the East Sea Fleet of the Korean People’s Army Navy and was named “Hero Kim Kun Ok,” said the report.
Kim Kun Ok is highly respected as a hero commanding officer of the first generation of the country’s naval force, it said.
The newly-built submarine would perform its combat mission as “one of the core underwater offensive means” of the DPRK naval force, said Kim Jong Un, the WPK’s general secretary and president of the State Affairs of the DPRK, at the launching ceremony held on Wednesday.
A day after the launching ceremony, the DPRK’s top leader boarded the submarine and learned about its weapon system and underwater operation capability during an inspection, the KCNA said.
Photo: Missile force of Korean People’s Army attend a military parade in central Pyongyang, April 15, 2017. (Xinhua/Cheng Dayu)