Connect with us

Videos

တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် အအေးလှိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်ရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

ဟေးလုံကျန်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်ခွင်တွင် နိုဝင်ဘာ ၅ ရက်မှစ၍ လေပြင်းတိုက်ခတ်ခြင်းများနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုများဖြင့် အအေးလှိုင်းဖြတ်သန်းမှုကို ကြုံတွေ့နေရသည်။ရှုပ်ထွေးလှသော ရာသီဥတုအခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များက ဆီးနှင်းနှင့် ဆက်စပ်သော အရေးပေါ်အခြေအနေများ ပြောင်းလဲဆောင်ရွက်ခဲ့သလို ဘေးကင်းရေးလုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်ရန် အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းတွင် သန့်ရှင်းရေးဝန်ထမ်းများ၊ ဆီးနှင်းနှင့် ရေခဲရှင်းလင်းရေးလုပ်ငန်းသုံး စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၈၉,၀၀၀ ကျော်ဖြင့် စုစည်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လျောင်နင်ပြည်နယ်တွင်လည်း နိုဝင်ဘာ ၆ ရက်ညပိုင်းအထိ ဆီးနှင်းရှင်းလင်းရေးယာဉ်နှင့် ပစ္စည်းကိရိယာ ၂၀,၀၀၀ ခန့်နှင့်အတူ လူပေါင်း ၁၂၀,၀၀၀ နီးပါးဖြင့် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အအေးလှိုင်းမှာ လာမည့် ၃ ရက်အတွင်း တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများ၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသတာဝန်ရှိသူများက နိုဝင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

…………………………….
North China swings into action to tackle persistent cold wave
A cold front has ushered in strong winds and heavy snowfall across northern and northeastern China since Sunday.
To tackle the complex weather conditions, northeast provinces of China responded swiftly to the snow-related emergencies, stepping up efforts to maintain order and ensure safety.
Harbin, the capital of Heilongjiang Province, has mobilized over 89,000 sanitation workers as well as machinery and equipment for snow and ice clearance operations.
In Liaoning Province, nearly 120,000 people with about 20,000 snow removal vehicles and equipment had been mobilized as of Monday night.
Meteorological authorities said Tuesday that the cold wave will continue in north China over the next three days.