Connect with us

Videos

တရုတ်နိုင်ငံ ရှီးဇန့်ဒေသတွင် မှတ်ပုံတင်ထားသော နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီ အရေအတွက် ၁,၀၀၀ ကျော်ရှိလာ

လားဆ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မှတ်ပုံတင်ထားသော နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီ အရေအတွက်မှာ ၂၀၂၃ ခုနှစ်အတွင်း ၁,၀၄၅ ခု ရှိခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၂၆.၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း လားဆမြို့ အကောက်ခွန်ဌာနမှ နောက်ဆုံးရအချက်အလက်များအရ သိရသည်။၂၀၂၃ ခုနှစ်တွင် ရှီးဇန့်ဒေသ၏ စုစုပေါင်း ကုန်စည် တင်သွင်းမှုနှင့် တင်ပို့မှုပမာဏမှာ ယွမ် ၁၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံခန့်) ရှိခဲ့ကြောင်း၊ ယင်းဒေသသို့ ဒေသထွက်လက်ဖက်၊ နို့၊ ပျားရည်နှင့် မှိုများကို အိန္ဒိယ၊ စင်ကာပူ၊ ကူဝိတ်နှင့် ဆော်ဒီအာရေဗျ အပါအဝင် နိုင်ငံများစွာသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————-
Registered foreign trade companies in Xizang exceed 1,000
LHASA, Feb. 16 (Xinhua) — The number of registered foreign trade companies in southwest China’s Xizang Autonomous Region reached 1,045 in 2023, a year-on-year increase of 26.51 percent, according to the latest data from Lhasa customs.
In 2023, the total import and export of goods in Xizang surpassed 10 billion yuan (about 1.41 billion U.S. dollars). The region exported goods such as local tea, milk, honey and mushrooms to various countries including India, Singapore, Kuwait and Saudi Arabia.