Connect with us

Videos

အိန္ဒိယနိုင်ငံက မိုးလေဝသဂြိုဟ်တု INSAT-3DS လွှတ်တင်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ INSAT-3DS မိုးလေဝသဂြိုဟ်တု သစ်တစ်စင်းအား ဖေဖော်ဝါရီ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ Sriharikota ကျွန်းမှ Geosynchronous လွှတ်တင်ရေးယာဉ်ဖြင့် မိုးလေဝသဂြိုဟ်တုအား ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၅ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါဂြိုဟ်တုက ပိုမိုကောင်းမွန်သော မိုးလေဝသဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ၊ မိုးလေဝသခန့်မှန်းချက်များနှင့် သဘာဝဘေးအန္တရာယ် သတိပေးချက်များအတွက် ကုန်းမြေနှင့်သမုဒ္ဒရာ မျက်နှာပြင်များအား စောင့်ကြည့်ခြင်းများအတွက် စီမံဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)
——————————–
India launches weather satellite INSAT-3DS
The Indian Space Research Organization (ISRO) Saturday launched new weather satellite INSAT-3DS into orbit, officials said.
The meteorological satellite, aboard a Geosynchronous Launch Vehicle (GSLV-F14) rocket, took off from Sriharikota in the southern Indian state of Andhra Pradesh at 5:35 p.m. local time.
According to ISRO, the satellite is designed for enhanced meteorological observations, and monitoring of land and ocean surfaces for weather forecasting and disaster warning.
Xinhua News Agency correspondents reporting from New Delhi.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.