Connect with us

Media

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရပြီးနောက် အများပြည်သူရှေ့သို့ ထွက်ပေါ်လာ

ဘန်ကောက်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) သည် ထိန်းသိမ်းခံရခြင်းမှ ယခင်လက လွတ်မြောက်လာချိန်မှစ၍ ပထမဆုံးအကြိမ် အများပြည်သူရှေ့သို့ မတ် ၁၄ ရက်က ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
သက်ဆင်သည် ၎င်း၏မွေးရပ်ဖြစ်သော နိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့သို့ ၃ ရက်ကြာမည့်ခရီးမသွားရောက်မီ မတ် ၁၄ ရက် နံနက်အစောပိုင်းက Bangkok City Pillar ဘုရားကျောင်းသို့ သွားရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
အချိန် ၁၇ နှစ်ကြာပြီးနောက် ၎င်း၏ဇာတိပြည်နယ်သို့ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာသော သက်ဆင်သည် ၎င်း၏သမီး၊ အာဏာရ ဖြူထိုင်းပါတီ ခေါင်းဆောင် Paetongtarn Shinawatra တို့နှင့်အတူ ချင်းမိုင်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့အား မိသားစုဝင်များ၊ တာဝန်ရှိသူများနှင့် ထောက်ခံသူများက ကြိုဆိုခဲ့ကြကြောင်း Thai PBS က ထုတ်လွှင့်ပြသခဲ့သည်။
အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဆေးကုသမှုခံယူနေသော ဘန်ကောက်ရဲဆေးရုံမှ ဖေဖော်ဝါရီလက လွတ်မြောက်လာခဲ့သည်။

ထိုင်းအစိုးရ၏ အဆိုအရ သက်ဆင်သည် အသက် ၇၀ နှစ်ကျော်ခြင်းနှင့် ရောဂါမျိုးစုံခံစားနေရခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အတွက် သင့်လျော်မှုရှိကြောင်း သိရသည်။
သက်ဆင်သည် ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီးနောက် ယမန်နှစ် ဩဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း၊ သို့ရာတွင် ရောက်ရှိပြီးမကြာမီ ထိန်းသိမ်းခံရကာ စွဲချက်များစွာဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။
ယမန်နှစ် စက်တင်ဘာလတွင်မူ ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သက်ဆင်၏ ထောင်ဒဏ်ကို တစ်နှစ်အထိ လျှော့ချပေးခဲ့သည်။
သက်ဆင်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Former Thai PM Thaksin makes public appearance after release on parole
BANGKOK, March 14 (Xinhua) — Thailand’s former Prime Minister Thaksin Shinawatra made his first public appearance on Thursday since leaving detention on parole last month.
Thaksin visited the Bangkok City Pillar Shrine in the capital early Thursday morning before flying to his hometown in the country’s northern Chiang Mai province for a three-day trip, local media reported.
Making his first journey back to his home province in 17 years, Thaksin arrived at Chiang Mai Airport with his daughter and ruling Pheu Thai Party leader Paetongtarn Shinawatra. Upon arrival, they were greeted by family members, officials and supporters, according to public broadcaster Thai PBS.
The 74-year-old convicted former prime minister was released in February from a Bangkok police hospital, where he received medical treatment.
According to the Thai government, Thaksin was eligible for parole as he is over 70 years old and suffers from a serious illness.
Thaksin ended his exile of over 15 years and returned to Thailand in August last year, but was soon detained and faced an eight-year prison sentence on several charges.
Last September, Thai King Maha Vajiralongkorn reduced Thaksin’s prison sentence to one year following his request for a royal pardon.
Thaksin served as the Southeast Asian country’s prime minister from 2001 to 2006 and had been in self-exile abroad since 2008.