Connect with us

China

ဒုတိယအကြိမ် နိုင်ငံတကာထောက်ပံ့ကွင်းဆက်ကဏ္ဍပြပွဲတွင် အဆင့်မြင့်ကုန်ထုတ်လုပ်မှုများဆိုင်ရာ ပြခန်းဧရိယာတိုးချဲ့ထား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ နိုင်ငံတကာထောက်ပံ့ကွင်းဆက်ကဏ္ဍပြပွဲ (CISCE) တွင် တရုတ်ကားထုတ်လုပ်ရေး Geely ပြခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် တရုတ် နိုင်ငံတကာထောက်ပံ့ကွင်းဆက်ကဏ္ဍပြပွဲ (CISCE) ရှိ အဆင့်မြင့်ကုန်ထုတ်လုပ်မှုပြခန်းဧရိယာကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက မတ် ၁၅ ရက်၌ ပြောကြားခဲ့သည်။
ပြခန်းဧရိယာသစ်သည် front-end R&D နှင့် ဒီဇိုင်း၊ ကုန်ပစ္စည်းအသစ်များ အသုံးပြုမှု၊ အဓိက အစိတ်အပိုင်းများနှင့် ခေတ်မီကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်မှု စသည်တို့အပါအဝင် ရှုထောင့်များမှ အရည်အသွေးရှိသော ကုန်ထုတ်လုပ်မှုအင်အားသစ်များအပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ အကြီးအကဲ Ren Hongbin က ပြောခဲ့သည်။
ဒုတိယအကြိမ် CISCE ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်း ၁၆၀ ကျော်က ပြပွဲတက်ရောက်ရန် အတည်ပြုထားကြောင်း သိရသည်။

ထို့ပြင် ပြခန်းဧရိယာသစ်နှင့်အတူ သန့်စင်စွမ်းအင်၊ ခေတ်မီမော်တော်ယာဉ်၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ကျန်းမာရေးလူမှုဘဝနေထိုင်မှုပုံစံများ၊ အစိမ်းရောင်စိုက်ပျိုးရေးနှင့် ထောက်ပံ့သယ်ပို့ကဏ္ဍဝန်ဆောင်မှုလုပ်ငန်းများ စသဖြင့် ကဏ္ဍအသီးသီးခွဲခြားလျက် ပြခန်းများ ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)

2nd int’l supply chain expo adds exhibition area for advanced manufacturing
BEIJING, March 15 (Xinhua) — An exhibition area for advanced manufacturing will be added to the second China International Supply Chain Expo (CISCE) in November, the organizer revealed at an introductory event on Friday.
The new exhibition area will focus on new quality productive forces from perspectives including front-end R&D and design, application of new materials, processing of key components and smart manufacturing, said Ren Hongbin, head of the China Council for the Promotion of International Trade.
The second CISCE will be held from Nov. 26 to 30, 2024, with over 160 domestic and international enterprises already confirmed as participants.
Besides the new exhibition area, the second CISCE also has exhibition booths categorized into various sections, including clean energy, smart vehicles, digital technology, healthy lifestyles, green agriculture and services for supply chains.
Photo: This photo taken on Nov. 26, 2023 shows the booth of Chinese automaker Geely at the China International Supply Chain Expo (CISCE) in Beijing, capital of China. (Xinhua/Ren Chao)