Connect with us

Media

တရုတ်နိုင်ငံရှိ နေရာ ၆ ခုကို ယူနက်စကို ကမ္ဘာ့ဘူမိပန်းခြံများအဖြစ် ရွေးချယ်

ပဲရစ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ Changbaishan ဘူမိပန်းခြံကို အခြားဘူမိပန်းခြံ ၅ ခုနှင့်အတူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ဘူမိပန်းခြံများအဖြစ် မတ် ၂၇ ရက်က ရွေးချယ်လိုက်ကြောင်း သိရသည်။
“ယူနက်စကို အမှုဆောင်အဖွဲ့က ယူနက်စကို ကမ္ဘာ့ဘူမိပန်းခြံများကွန်ရက်မှာ နေရာ ၁၈ နေရာ ထပ်မံဖြည့်စွက်ဖို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံ ၄၈ နိုင်ငံမှာ ဘူမိပန်းခြံအရေအတွက် ၂၁၃ ခုအထိ ရှိလာပါပြီ” ဟု ပဲရစ်မြို့အခြေစိုက် ယူနက်စကိုက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အသစ်သတ်မှတ်လိုက်သော နေရာများအနက် Changbaishan ဘူမိပန်းခြံသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်တွင် တည်ရှိပြီး ယင်းပန်းခြံတွင် ထူးခြားသောမြေဖွဲ့စည်းမှုပုံစံများနှင့် မီးတောင်ပေါက်ကွဲမှုများနှင့် ထူးထူးခြားခြားဆက်စပ်နေသည့် ကျောက်တုံးပုံစံအမျိုးမျိုး ရှိကြောင်း သိရသည်။

ယူနက်စကိုက ရွေးချယ်လိုက်သော အခြားနေရာ ၅ ခုမှာ ဟူပေပြည်နယ်ရှိ Enshi Grand Canyon-Tenglongdong ကျောက်လိုဏ်ဂူ ဘူမိပန်းခြံ၊ ကန်းစုပြည်နယ်ရှိ Linxia ဘူမိပန်းခြံ၊ ဖူကျန့်ပြည်နယ်ရှိ လုံယန်ဘူမိပန်းခြံ၊ ကျန်းရှီးပြည်နယ်ရှိ Wugongshan ဘူမိပန်းခြံနှင့် ကွေ့ကျိုးပြည်နယ်ရှိ Xingyi ဘူမိပန်းခြံတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
Six Chinese sites named UNESCO Global Geoparks
PARIS, March 27 (Xinhua) — The Mount Changbaishan Geopark, along with five other Chinese geoparks, were named as Global Geoparks by the United Nations Educational, Scientific and Cultural Organization (UNESCO) on Wednesday.
“UNESCO’s Executive Board has endorsed the addition of 18 sites to the UNESCO Global Geoparks network. This brings the total number of geoparks to 213 in 48 countries.” the Paris-based UN body said in a statement.
Among the newly designated sites, the Mount Changbaishan Geopark is located in China’s northeastern Jilin Province, which hosts dramatic landforms and diverse rock types that document significant multiphase volcanic eruptions.
The five others are Enshi Grand Canyon-Tenglongdong Cave Geopark in Hubei Province, Linxia Geopark in the Gansu Province, Longyan Geopark in Fujian Province, Wugongshan Geopark in Jiangxi Province and Xingyi Geopark in Guizhou Province.