Connect with us

Videos

ယူကရိန်းနိုင်ငံ၌ NATO တပ်များ ရောက်ရှိနေပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

အန်ကာရာ၊ မတ် ၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံသို့ NATO တပ်များ စေလွှတ်နိုင်ခြေနှင့်ပတ်သက်၍ ပြင်သစ်သမ္မတက မှားယွင်းပြောဆိုခြင်း မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ပြောကြားကာ အဆိုပါတပ်များ ယူကရိန်းသို့ တရားမဝင် ရောက်ရှိနေပြီး ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။တပ်များ စေလွှတ်ခြင်း အပါအဝင် ရုရှားနိုင်ငံရှုံးနိမ့်စေရေးအတွက် လိုအပ်သမျှအားလုံး လုပ်ဆောင်ရမည်ဟု ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်၏ အငြင်းပွားဖွယ်မှတ်ချက်များအား တုံ့ပြန်သည့်အနေဖြင့် အန်ကာရာသံတမန်ရေးရာဖိုရမ်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးက “သူမှားပြောတယ်လို့ မထင်ပါဘူး”ဟု ပြောကြားခဲ့သည်။မက်ခရွန်၏မှတ်ချက်အား NATO နိုင်ငံအများအပြားက ပယ်ချခဲ့ပြီး ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံသို့ တပ်များ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————-
Russian FM says NATO troops already in Ukraine
Russian Foreign Minister Sergei Lavrov on Friday said the French president didn’t misspeak over the possibility of NATO sending troops to Ukraine, noting that the troops were already there unofficially.
“I don’t think he misspoke,” Lavrov said at the Antalya Diplomacy Forum, in response to the disputed remarks of Emmanuel Macron on Monday, in which he said “everything that is necessary” must be done to ensure the defeat of Russia, including deploying troops.
Macron’s remarks have been rejected by several NATO countries, who said that they had no plans to send troops to Ukraine to fight against Russia.
Xinhua News Agency correspondents reporting from Antalya, Türkiye.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.