Connect with us

Videos

လန်ချန်း – မဲခေါင် အထူးရန်ပုံငွေ စီမံကိန်းဖြင့် တည်ဆောက်သည့် ဆေးစမ်းတိရစ္ဆာန် အဆောက်အဦများ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ဖွင့်လှစ်

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

လန်ချန်း – မဲခေါင် စီမံကိန်းရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန် ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်းများတွင် ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန် အဆောက်အဦများ ဖွင့်လှစ်ပွဲကို မတ် ၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြသည်။ ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထိရောက်သည့် ကာကွယ်ဆေးများကို ခေတ်နှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် စွမ်းရည်ပြည့်ဝသည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ပေါ်ထွက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် လန်ချန်း – မဲခေါင် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (၂၀၂၁) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)