Connect with us

Europe

PSG အသင်းတွင် ပါဝင်ကစားရန် ရွှေဘောလုံးဆု ခြောက်ဆုရှင် မက်ဆီ ပြင်သစ်နိုင်ငံသို့ ရောက်ရှိ

အာဂျင်တီးနား ဘောလုံးကစားသမား လီယွန်နယ် မက်ဆီနှင့် ဘရာဇီး ဘောလုံးကစားသမား Casemiro တို့ ယှဉ်ပြိုင်ကစားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

လီယွန်နယ် မက်ဆီ (Lionel Messi) သည် ဩဂုတ် ၇ ရက်က ၎င်း၏ ဘာစီလိုနာအသင်းအား နှုတ်ဆက်ပွဲ ကျင်းပပြီးနောက် ပြင်သစ်အမှတ်ပေးပြိုင်ပွဲ (Ligue 1) အသင်းတစ်ခုဖြစ်သော (PSG) ပဲရစ်စိန့်ဂျာမိန်းကလပ်နှင့် လက်မှတ်ရေးထိုးခြင်း အပြီးသတ်လုပ်ဆောင်ရန် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အရှေ့မြောက်ဘက် Le Bourget လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား ဘောလုံးသမား မက်ဆီသည် ဘာစီလိုနာမှ အံ့အားသင့်ဖွယ် ထွက်ခွာကြောင်း ကြေညာခဲ့ပြီးနောက် ပြင်သစ်မြို့တော် အခြေစိုက် PSG ကလပ်အသင်းတွင် ပါဝင်ကစားရန် ပြင်သစ်သို့ ထွက်ခွာလာခဲ့ရာ ရာပေါင်းများစွာသော ဘောလုံးချစ်သူများက ဩဂုတ် ၉ ရက်ကတည်းက လေဆိပ်၌ ၎င်းအား စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။PSG က လက်မှတ်ရေးထိုးခြင်း ပြီးစီးသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းတို့၏ တွစ်တာပေါ်တွင် မွန်းလွဲပိုင်းက ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)

Six-time Ballon d’Or winner Messi lands in France to join PSG

PARIS, Aug. 10 (Xinhua) — Lionel Messi arrived at Le Bourget airport in the northeastern suburbs of Paris on Tuesday afternoon to finalize his signing with Ligue 1 giants Paris Saint-Germain, following his tearful farewell to Barcelona on Sunday.

Hundreds of fans have been waiting at the airport since Monday as the 34-year-old Argentine has been linked with the capital-based club right after his shock departure from Barcelona was announced.

PSG released a video later in the afternoon on its Twitter which heavily implied that the signing is completed. ■
Photo : Argentina’s Lionel Messi (Front) vies with Brazil’s Casemiro during the 2021 Copa America football tournament final match in Rio de Janeiro, Brazil, on July 10, 2021. (Xinhua/Lucio Tavora)