Connect with us

Media

RCEP အသက်ဝင်ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ တရုတ်နိုင်ငံမှ ကုန်စည်ရထား ထွက်ခွါ

နန်နင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် စတင်အသက်ဝင်လာခဲ့သည့်နေ့မှာပင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကုန်စည်ရထားတစ်စင်းထွက်ခွါခဲ့သည်။

X9101 ဟုအမည်ပေးထားသည့် ကုန်စည်ရထားသည် ကုန်စည်တန်ချိန်ပေါင်း ၈၀၀ ကျော်ကို တင်ဆောင်ကာ နန်နင်း မြို့တွင် တည်ရှိသည့် နိုင်ငံတကာ ရထားဘူတာမှ နှစ်သစ်ကူးနေ့ မနက် ၀.၀၅ အချိန်တွင် ထွက်ခွါခဲ့ပြီး ဟနွိုင်းမြို့သို့ မောင်းနှင်ချိန် ၂၈ နာရီအတွင်းရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ကုန်စည်ရထားအတွင်း အီလက်ထရောနစ်ပစ္စည်းများ၊ နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများနှင့်ဓာတု ပစ္စည်းများပါဝင်ကြောင်းသိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် သည် အကောက်ခွန်များကို အတိုင်းအတာကြီးမားစွာလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းပိုင်ဆိုင်သည့် ဒေသတွင်းထောက်ပံ့ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဖြစ်သူ မာကျီချင်းကဆိုသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် တွင် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား ၊

ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ပါဝင်သည်။ အဆိုပါ နိုင်ငံ ၁၅ နိုင်ငံ၏ စုစုပေါင်းလူဦးရေ၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် ကုန်စည်မှုစုစုပေါင်းမှာ တစ်ကမ္ဘာလုံးရှိစုစုပေါင်းအရေအတွက်၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် အရ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်အား အကောက်ခွန် ကင်းလွတ်ပေးနိုင်ရန် သဘောတူညီမှုများကို အတည်ပြုခဲ့ကြောင်းသိရသည်။   (Xinhua)

………………………

(English Version)

GLOBALink | Chinese freight train departs for Vietnam after RCEP takes effect

NANNING, Jan. 2 (Xinhua) — A freight train departed from south China’s Guangxi Zhuang Autonomous Region early Saturday for Vietnam, a member country of the Regional Comprehensive Economic Partnership (RCEP) agreement after the agreement came into force on the same day.

The X9101 train carrying more than 800 tonnes of cargo left the Nanning international railway port in the regional capital Nanning at 0:05 a.m. on New Year’s Day and is expected to reach Hanoi in 28 hours.

The cargo included electronics, daily necessities and chemical products.

The RCEP agreement will to a large extent lower the customs duties, said Ma Ziqiang, general manager of a local supply chain service provider that owns the delivered cargo.

The RCEP groups the 10 members of the Association of Southeast Asian Nations, as well as China, Japan, the Republic of Korea, Australia and New Zealand. The 15 states’ total population, gross domestic product and trade all account for about 30 percent of the world total.

According to the RCEP agreement, more than 90 percent of merchandise trade among members that have approved the agreement will eventually be subject to zero tariffs.

 

Produced by Xinhua Global Service