Connect with us

China

SAIC-GM-Wuling ကုမ္ပဏီက ဇန်နဝါရီမှ မေလအတွင်း NEV ရောင်းချမှုများ အားကောင်းလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ပြုလုပ်သည့် ၁၉ ကြိမ်မြောက် နိုင်ငံတကာ မော်တော်ကားလုပ်ငန်းပြပွဲ (Auto Shanghai 2021) တွင် ခင်းကျင်းပြသထားသော SAIC-GM-Wuling (SGMW) ကုမ္ပဏီမှ ထုတ်လုပ်သည့် Hongguang MINI EV CABRIO အား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိက မော်တော်ကားထုတ်လုပ်ရေး SAIC-GM-Wuling (SGMW) က ၂၀၂၁ ခုနှစ် ပထမငါးလအတွင်း စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ရောင်းချမှု အားကောင်းခဲ့ကြောင်း ကုမ္ပဏီအဆိုအရ သိရသည်။

SAIC Motor ၊ General Motors နှင့် Liuzhou Wuling Motors တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသော SGMW သည် ဇန်နဝါရီလမှ မေလအတွင်း NEV ၁၅၉,၁၆၅ ယူနစ် ရောင်းချခဲ့ကြောင်း၊ ပထမသုံးလပတ်တွင် NEV ရောင်းချမှုမှာ ၁၀၀,၈၀၆ ယူနစ် ရှိခဲ့ကြောင်းနှင့် ဧပြီလနှင့် မေလတွင် ၅၈,၃၅၉ ယူနစ် ရောင်းချခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျိုကျိုးမြို့ အခြေစိုက် SGMW ကုမ္ပဏီသည် Hongguang MINI EV နှင့် Baojun စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ အပါအဝင် NEV မော်ဒယ်များ ထုတ်လုပ်လျက်ရှိသည်။ (Xinhua)

————————————
(English Version)
SAIC-GM-Wuling posts strong NEV sales in Jan.-May
Source: Xinhua| 2021-06-20 22:45:23|Editor: huaxia
NANNING, June 20 (Xinhua) — SAIC-GM-Wuling (SGMW), a major Chinese automobile manufacturer, reported strong new-energy vehicle (NEV) sales in the first five months of 2021, according to the company.
SGMW, a joint venture between SAIC Motor, General Motors, and Liuzhou Wuling Motors, sold 159,165 units of NEV during the January-May period. The company registered record NEV sales of 100,806 units in the first quarter, and achieved robust sales of 58,359 units in April and May.
Based in Liuzhou, in south China’s Guangxi Zhuang Autonomous Region, SGMW produces NEV models including the Hongguang MINI EV and the Baojun NEVs. ■

Photo : The new energy convertible Hongguang MINI EV CABRIO developed by SAIC-GM-Wuling (SGMW), a major Chinese automobile manufacturer, is displayed at the 19th International Automobile Industry Exhibition (Auto Shanghai 2021) in Shanghai, east China, April 19, 2021. (Xinhua/Ding Ting)