Connect with us

North America

SpaceX က ပထမဆုံး အာကာသခရီးသွားမစ်ရှင် စတင်

နယူးယောက်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် ပုဂ္ဂလိက အာကာသကုမ္ပဏီဖြစ်သော အာကာသစူးစမ်းလေ့လာမှု နည်းပညာကော်ပိုရေးရှင်း (SpaceX) က ၎င်း၏ ပထမဆုံး အရပ်သားပါဝင်သော အာကာသခရီးသွားမစ်ရှင်ကို ဖလော်ရီဒါပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက် ညပိုင်းက စတင်လိုက်ကြောင်း SpaceX webcast က ပြောကြားခဲ့သည်။Inspiration4ဟု အမည်ပေးထားပြီး ကနေဒီအာကာသစင်တာ (Kennedy Space Center) မှ လွှတ်တင်ခဲ့သော Crew Dragon အာကာသယာဉ်သည် လွှတ်တင်ပြီး အချိန်တိုအတွင်း ကမ္ဘာမြေဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက်သွားခဲ့သည်။

ဂြိုဟ်ပတ်လမ်းကြောင်းသို့ ကမ္ဘာ့ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ်မှူးမစ်ရှင်အဖြစ် Inspiration4 သည် Shift4 Payments ၏ တည်ထောင်သူနှင့် စီအီးအို အသက် ၃၈ နှစ်အရွယ် Jared Isaacman က ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာကာသယာဉ်သည် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်း၌ ညင်သာသောရေပေါ်ဆင်းသက်မှုအတွက် ကမ္ဘာ့လေထုအတွင်း ပြန်လည်မဝင်ရောက်မီ ၅၇၄ ကီလိုမီတာမြင့်သော ဂြိုဟ်ပတ်လမ်းကြောင်းတွင် သုံးရက်ကြာ ရှိနေမည်ဖြစ်သည်။

Inspiration4 အဖွဲ့ဝင်များသည် ကမ္ဘာပေါ်တွင် လူသားများ ကျန်းမာရေးအဆင့်မြှင့်တင်ရန် ပုံစံထုတ်ထားသော သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနကို ဆောင်ရွက်သွားမည်ဖြစ်သည်။

Isaacman သည် Dragon နှင့်ထွက်ခွာစဉ် ၎င်းနှင့်အတူ ထိုင်ခုံနေရာသုံးခုအား St. Jude ကလေးသုတေသနဆေးရုံမှ သမားတော်နှင့် ကလေးဘဝက ကင်ဆာရောဂါခံစားခဲ့ရပြီး အသက်ရှင်သန်နိုင်ခဲ့သူ Hayley Arceneaux ၊ လေတပ်စစ်မှုထမ်းဟောင်းနှင့် အာကာသအချက်အလက်အင်ဂျင်နီယာ Chris Sembroski နှင့် ဘူမိသိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်နှင့် လေ့ကျင့်ထားသော လေယာဉ်မှူး Sian Proctor စသည့် လူပုဂ္ဂိုလ် ၃ ဦးကို လှူဒါန်းထားကြောင်း သိရသည်။

အဆိုပါ မစ်ရှင်သည် တန်နက်စီပြည်နယ် မန်းန်ဖစ်မြို့ရှိ St. Jude ကလေးသုတေသနဆေးရုံအတွက် အသိပညာနှင့် ရန်ပုံငွေ မြှင့်တင်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဂြိုဟ်တုများနှင့် Dragon အာကာသယာဉ်အား ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ စိတ်ချယုံကြည်စွာနှင့် ဘေးကင်းစွာ ပို့ဆောင်ရန်အတွက် SpaceX က ပုံစံရေးဆွဲကာထုတ်လုပ်ထားသော အဆင့်နှစ်ဆင့်ပါ ဒုံးပျံဖြစ်သည့် Falcon 9 ဖြင့် Dragon အာကာသယာဉ်အား လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

Apple Inc., ပူးတွဲတည်ထောင်သူ Steve Wozniak က “လူသားမျိုးနွယ်အားလုံးအတွက် အာကာသဘေးကင်းစိတ်ချစွာနှင့် ဝင်ရောက်နိုင်သော အာကာသ ထိန်းသိမ်းရန်” ပုဂ္ဂလိကအာကာသကုမ္ပဏီ Privateer Space စတင်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ဟောသွန်းမြို့တွင် ရုံးချုပ်ထားရှိသော SpaceX အား စီးပွားရေးလုပ်ငန်းရှင် Elon Musk က ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

…………………………………………
(English Version)

SpaceX launches 1st space tourism mission

NEW YORK, Sept. 15 (Xinhua) — American private space company Space Exploration Technologies Corp. (SpaceX) launched its first civilian space tourism mission on Wednesday night in Florida, a SpaceX webcast said.

The Crew Dragon spacecraft, named as Inspiration4 and sent from Kennedy Space Center, entered the orbit of earth shortly after the launch.

As the world’s first all-commercial astronaut mission to orbit, Inspiration4 is commanded by Jared Isaacman, the 38-year-old founder and CEO of Shift4 Payments, said SpaceX.

The spacecraft will remain in a 575-km high orbit for three days before reentering Earth’s atmosphere for a soft water landing off the coast of Florida.The Inspiration4 crew will conduct scientific research designed to advance human health on Earth.

Isaacman is donating the three seats alongside him aboard Dragon to other three individuals including Hayley Arceneaux, a physician assistant at St. Jude Children’s Research Hospital and pediatric cancer survivor, Chris Sembroski, an Air Force veteran and aerospace data engineer, and Sian Proctor, a geoscientist, entrepreneur, and trained pilot.

The mission is also aimed at raising awareness and funds for St. Jude Children’s Research Hospital in Memphis, Tennessee.

The Dragon spacecraft was lifted by Falcon 9, a two-stage rocket designed and manufactured by SpaceX for the reliable and safe transport of satellites and the Dragon spacecraft into orbit.
Steve Wozniak, co-founder of Apple Inc., recently announced the launch of a private space company Privateer Space to “keep space safe and accessible to all humankind.”
Headquartered in Hawthorne, California, SpaceX was founded in 2002 by entrepreneur Elon Musk. Enditem

(210423) — WASHINGTON, D.C., April 23, 2021 (Xinhua) — The Crew Dragon spacecraft carrying four astronauts from three countries launches from NASA’s Kennedy Space Center in Cape Canaveral of Florida, the United States, April 23, 2021.
(NASA/Aubrey Gemignani/Handout via Xinhua)