Connect with us

News

စမတ်နည်းပညာသုံး ဦးထုပ်ဖြင့် နိုင်ငံပေါင်း၃၆ နိုင်ငံတွင်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်လျက်ရှိ

ကွမ်တုန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ရှန်းကျန့် တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် တရုတ်အဆင့်မြင့်နည်းပညာပစ္စည်းများပြပွဲ (CHTF) တွင် ပတ်ခြာလည် အကွာအဝေး ၅ မီတာ မှ နေ၍ ကိုယ်အပူချိန် ကို အလိုအလျောက် တိုင်းတာ ပေးနိုင်သည့် စမတ်နည်းပညာသုံး ဦးထုပ်ကိုပြသထားသည်။

၎င်း ဦးထုပ်သည် မော်တော်ဆိုင်ကယ်ဦးထုပ်ပုံစံဖြစ်ပြီး ရှန်းကျန့်အခြေစိုက် နည်းပညာလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Kuang-chi က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ဦးထုပ်ဖြင့် စကန်ဖတ်ရာတွင် ကိုယ်အပူချိန် ၃၇.၃ ဒီဂရီ ဆဲလ်စီးယပ် ထက် ကျော်လွန်သူရှိပါ ဦးထုပ်၏ အလိုအလျှောက်စနစ်မှ သတိပေးအသံနှင့်အတူ အလင်းရောင်လှိုင်း ထွက်ပေါ်လာမည်ဖြစ်သည်။

ဦးထုတ်ဆောင်း၍ လူတစ်ရာကျော်ကို အချိန် နှစ်မိနစ်အတွင်း အပူချိန်တိုင်းတာနိုင်ပြီး မှတ်တမ်းရယူထားနိုင်ကြောင်း သိရသည်။အဆိုပါဦးထုပ်ကို ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အသုံးပြုလျက်ရှိသည့်နိုင်ငံပေါင်း ၃၆ နိုင်ငံထိရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.