Connect with us

News

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်းပေါင်း (၉၁၆,၀၀၀) တည်ဆောက်ပြီးဖြစ်ရာ ကမ္ဘာ့ (၇၀)ရာခိုင်နှုန်းရှိ

၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ အင်တာနက်ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားအား ဇူလိုင် ၁၃ ရက်က ပေကျင်းမြို့တွင် ကျင်းပစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး fiber optic network၊ 4G နှင့် 5G independent networkများ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် (၁၂)ကြိမ်မြောက် တရုတ်နိုင်ငံအင်တာနက်ကွန်ဖရင့် ဇူလိုင် ၁၃ ရက်သတင်းများအရ သိရသည်။လက်ရှိ တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း (၉၁၆,၀၀၀)တည်ဆောက်ပြီးဖြစ်ရာ တစ်ကမ္ဘာလုံး၏ (၇၀)ရာခိုင်နှုန်း ရှိသလို 5G အင်တာနက်ဆက်သွယ်မှု အရေအတွက် (၃၆၅)သန်းကျော်ဖြင့် ကမ္ဘာ့ (၈၀)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် 5G ၊ Big Data၊ Basic software၊ Industrial software၊ AI စသည့် နည်းပညာများ၏အားပေးမှုနှင့်ရင်းနှီးမြုပ်နှံမှုများကို အရှိန်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုအခြေခံ အဆင့်မြင့်တင်ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက် ခေတ်မီရေးကို တွန်းအားပေး၍ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအခြေခံကို တစ်ဆင့်တိုးအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအင်တာနက်ကွန်ရက်အသင်း(ISC) ဥက္ကဋ္ဌ စန့်ပင်းက 5G ၊ gigabit optical networksစသည့် မျိုးဆက်သစ် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်မှုများကို အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ 6Gစသည့် ကွန်ရက်နည်းပညာသစ်များ၏ သုတေသနနှင့် စက်မှုလုပ်ငန်းအတွက် ကြိုတင်အစီအမံချထားရမည်ဖြစ်ကြောင်း အကြုံပြု ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် နည်းပညာဆန်းသစ်တီထွင်နိုင်စွမ်းကို မြှင့်တင်ရမည်ဖြစ်သလို chips ၊ network slice၊ basic softwareစသည့် အရေးကြီးနည်းပညာများကို အပြောင်းအလဲဖြစ်နိုင်အောင် အရှိန်မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။

လက်တွေ့စီးပွားရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းနိုင်ရန်အတွက် နည်းပညာ၊ စီးပွားရေးလုပ်ငန်းပုံစံ ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းမှရရှိသည့်ရလဒ်များကို ဈေးကွက်တွင်အသုံးပြုနိုင်ရန်၊ စက်မှုလုပ်ငန်း ကွင်းဆက်များတွင် ဟန်ချက်ညီညီ ဆန်းသစ်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုရှိသည့်စက်မှုလုပ်ငန်းအစုအဖွဲ့များကို အရှိန်မြှင့်တင်တည်ဆောက်ပြီး စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်တည်ငြိမ်ရေးနှင့်ယှဉ်ပြိုင်မှုရှိရေးအတွက် အားထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

我国累计建设5G基站91.6万座 占全球70%

新华社北京7月14日电(记者郭倩)《经济参考报》记者13日从2021(第二十届)中国互联网大会上获悉,我国已建成全球最大光纤网络、4G和5G独立组网网络,目前5G已建成基站91.6万个,占全球70%,5G连接数已经超过3.65亿,占全球80%。下一步我国将加强对5G、大数据、基础软件、工业软件、人工智能等基础核心技术的支持和投入力度,推进产业基础高级化和产业链现代化,进一步夯实产业发展基础。

中国互联网协会理事长尚冰建议,需大力推动5G、千兆网络等新一代信息通信基础设施建设,超前部署6G等新型网络技术研发和产业布局。同时,要提升技术创新能力,加快高端芯片、网络切片、基础软件等关键技术突破。

围绕实体经济数字化转型,加快技术创新、业务创新和商业模式创新,促进成果转化成为市场应用,推进产业链协同创新发展,加快构建具有竞争力的产业集群,着力增强产业链供应链的稳定性和竞争力。(完)

图说1:新华社照片,北京,2021年7月13日, 2021中国互联网大会在京开幕。新华社记者 李鑫 摄