Connect with us

News

မက္ကဆီကို နိုင်ငံသို့ တရုတ်နိုင်ငံက အပေါ့စား ရထားငယ်များတင်ပို့

ဟူနန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်းရှမြို့တွင် မက္ကဆီကို နိုင်ငံသို့ တင်ပို့မည့် အပေါ့စား ရထားငယ်များကို မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ အပေါ့စား ရထားကို CRRC Zhuzhou Locomotive Co.,ltd မှ ထုတ်လုပ်ခြင်းဖြစ်ပြီး မက္ကဆီကို နိုင်ငံသို့ တင်ပို့မည့် ရထားငယ် ၂၆ စင်းအနက် တစ်စင်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ ယင်းသည် တရုတ်နိုင်ငံ မှ မက္ကဆီကို နိုင်ငံသို့ ပထမဆုံးအကြိမ် ရထားတင်ပို့မှုလည်းဖြစ်သည်။

တစ်နာရီလျှင် ၈၀ ကီလိုမီတာ မြန်နှုန်းဖြင့်မောင်းနှင်နိုင်မည့် အဆိုပါရထားသည် အရှည်၂၉.၅ မီတာနှင့် အကျယ် ၂.၆၉ မီတာ ရှိသည်။ ခရီးသည်စုစုပေါင်း ၃၅၅ ဦးအထိ လိုက်ပါစီးနင်းနိုင်မည့် ၎င်း ရထားကို မက္ကဆီကို နိုင်ငံရှိ မွန်တယ်ရာရီမြို့တွင်း ရထားလမ်းကြောင်း ၃ ခုတွင် ပြေးဆွဲသွားမည်ဖြစ်သည်။

COVID-19 ကပ်ကြီး အတွင်း ကုမ္ပဏီအနေဖြင့် အပေါ့စားရထားငယ်၏ ဒီဇိုင်းပိုင်း၊ ထုတ်လုပ်မှုအပိုင်းနှင့် စမ်းသပ်ပို့ဆောင်မှု အပိုင်းများကို အချိန် ၁၀ လ အတွင်း အပြီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရထားထုတ်လုပ်ရေး ကုမ္ပဏီ မှ စီမံကိန်းမန်နေဂျာ ဖြစ်သူ Liu Ying က ဆိုသည်။ မက္ကဆီကို နိုင်ငံသို့ ပထမအသုတ် ရထားတင်ပို့မှုကို နှစ်လ အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း Liu က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.