Connect with us

Local

ခေတ်သစ် ပိုးလမ်းမ စီမံကိန်းသည် ပူးပေါင်းမှုမှ ဘက်စုံ ဖွံ့ဖြိုး တိုးတတ်စေသော စီမံကိန်းကြီး ဖြစ်ပြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများအတွက် များစွာ အကျိုးရှိ


ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အာရှတိုက်ကို ဖြတ်၍ ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေနိုင်သည့် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းသည် နိုင်ငံများ အားလုံး အကျိုးရှိမည့် လမ်းကြောင်း ဖြစ်သကဲ့သို့မြန်မာနိုင်ငံ အတွက်လည်း ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ကုန်စည် စီးဆင်းမူများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်လာသည့်အတွက် များစွာ အကျိုးရှိမည့် စီမံကိန်း တစ်ရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ဆင်ဟွာသို့ ပြောကြားသည်။

“အရင်တုန်းက ပိုးလမ်းမက တစ်ဆင့် ခေတ်သစ် ပိုးလမ်းမ ဖြစ်လာတော့ အိမ်နီးချင်းအားလုံး အတွက် စီးပွားရေးမှာ ဆက်သွယ်ရေး လမ်းကြောင်းက အဓိကလို့မြင်လာပါတယ်။ခေတ်သစ် ပိုးလမ်းမကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက စပြီးတော့ လုပ်လာတဲ့အတွက် အားလုံးက စိတ်ဝင်စားလာတယ်။ ဒီစီမံကိန်းက နိုင်ငံတွေအားလုံး အကျိုးရှိမယ့် လမ်းကြောင်း ဖြစ်လာတာပါ။ ဒါကိုလည်း နိုင်ငံကြီးအတော်များများက ဒါမျိုးပုံစံမျိုး ခပ်ဆင်ဆင်နဲ့ဖော်ထုတ်နေကြတာပါ။ ဒါကြောင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပိုပြီး အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်လာတာတွေ ကမ္ဘာပေါ်မှာ ထင်ထင်ရှားရှား မြင်တွေ့လာရပါတယ်။ ဒါပေမယ့် ကောင်းသော ဖြစ်ခြင်းနဲ့ဖြစ်သင့်ပါတယ်။တခြား ရည်ရွယ်ချက် (Intend) တော့ မပါသင့်ဘူး။ မြန်မာပြည် အတွက်ကတော့ ဘက်စုံစီးပွားရေး ဖွံ့ဖြိုးလာပြီးတော့ အထိအတွေ့များလာတဲ့အတွက် ယဉ်ကျေးမှုတွေ ၊ ကုန်စည်ဖလှယ်မှုတွေ အစစအရာရာ သိလာတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နီးစပ်သွားပြီးတော့ ရိုသေ လေးစားမူတွေ ဖြစ်လာပြီးတော့ ယဉ်ကျေးမူကို နားလည်တယ်။ လေးစားတယ်။ ပူးပေါင်း ဆောင်ရွက် နိုင်လာတဲ့အတွက် အများကြီး အကျိုးရှိလာနိုင်ပါတယ် ”ဟု UMFCCI ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဌ ဒေါက်တာ ဦးမောင်မောင်လေးအား ဆင်ဟွာ သတင်းဌာနမှ အင်တာဗျူးနေစဉ် (ဆင်ဟွာ)

၂၀၁၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာရှ အလယ်ပိုင်းနှင့် အရှေ့တောင် အာရှသို့ သွားရောက် လည်ပတ်စဉ်တွင် အတူတကွ ပူးပေါင်း၍ ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းကို ထူထောင်မည့် အရေးပါ သည့် အဆိုပြုချက်ကို ပြောကြားခဲ့ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး၏ စိတ်ဝင်စားမှု ရရှိခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီးသည် ရုပ်ဝတ္ထု တည်ဆောက်မှု သက်သက် မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်း သည့် အတွေးအခေါ်နှင့် အယူအဆ ဖြစ်သည် ။ တရုတ်နိုင်ငံနှင့် အခြား သက်ဆိုင်ရာ နိုင်ငံတို့ ပါဝင်သည့် ဘက်စုံ တည်ဆောက်မှု တစ်ရပ် ဖြစ်သည်။ ဒေသတွင်း ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး ဟူသည့် ဆောင်ပုဒ်ကို လက်စွဲ ကိုင်ကာ ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများ မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်ခြင်း ၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် ယဉ်ကျေးမှု ကွဲပြားခြား နားမှုကို နားလည်ပေးခြင်း တို့ကို လုပ်ဆောင် ကြပြီး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းနှင့် တာဝန်ယူမှု အကျိုးတူ အသိုက် အဝန်း တည်ဆောက်သွားခြင်း ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး (One Belt And One Road အတိုကောက် “OBAOR” ၊ One Belt One Road အတိုကောက် “OBOR” နှင့် Belt And Road အတိုကောက် “BAR” ) သည် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းကို ပေါင်းစပ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ (Xinhua)