Connect with us

Local

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ကို မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ချင်းပြည်နယ် တွင် ကျင်းပမည်

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် DICA ရုံးချုပ်၌ ကျင်းပပြုလုပ်စဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ချင်းပြည်နယ် ၌ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအကြား အလား အလာရှိသောရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် DICA ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသို့ DICA ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ချင်းပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ DaNa Facility နှင့် VDB Loi Co.,Ltd မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၆ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.