Connect with us

Local

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျောက်မျက်ရတနာ အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြပွဲအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာ အချောထည်များ အရောင်းအဝယ် ပြုလုပ်နိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ် တစ်ခုတို့တွင် အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ ရန်ကုန်၊ မိုးကုတ်တို့တွင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာ အရောင်းပြခန်းများကဲ့သို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် ကျောက်မျက် ရတနာ ဥပဒေကို ပြန်လည်ရေးဆွဲ ပြင်ဆင်လျက်ရှိကာ ဥပဒေ ပြဋ္ဌာန်းပြီးပါက ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်၊ ကျောက်မျက်ရ တနာ လုပ်ကွက်များ သက်တမ်းတိုးခွင့်နှင့် လိုင်စင်သစ် လျှောက်ထားမှုတို့ကို ခွင့်ပေးသွားမည်ဖြစ်၍ လုပ်ကွက်သက်တမ်းတိုးခြင်းနှင့် လိုင်စင်သစ်များ လျှောက် ထားမှုအား ၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင်ရပ်ဆိုင်းထားပြီး ကျောက်မျက်နှင့် ကျောက်စိမ်း လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ကိုင်နိုင်မှု အပေါ်မူတည်၍ လုပ်ကိုင်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း အစိုးရထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်၌ သတ္တုလုပ်ကွက်ပေါင်း ၈ဝဝ ကျော်ရှိကာ ကျောက်မျက်ရတနာ လုပ်ကွက်ပေါင်း ၂ဝဝ ကျော်ရှိပြီး ကျောက်မျက်ရတနာ ဥပဒေသစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ကိုင်ခွင့်များကို ခွဲ ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.