Connect with us

Local

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစား ၁၀ မျိုးအား ဦးစားပေး ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထုတ်ပြန်

လယ်ယာ စိုက်ပျိုး လုပ်ကိုင် နေကြသည့် တောင်သူလယ်သမားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစား ၁၀ မျိုးအား အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်သဖြင့် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ကြောင်း ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အရ ဦးစားပေး ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစား ၁၀ မျိုးမှာ လယ်ယာ ကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှု ၊ ဝန်ဆောင်မှု နှင့် စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်ငန်းများ ၊ တိရစ္ဆာန် မွေးမြူ ထုတ်လုပ်ခြင်း နှင့် ရေထွက် ပစ္စည်း မွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများ ၊ ပို့ကုန် မြှင့်တင်နိုင်မည့် ကုန်ထုတ် လုပ်ငန်းများ ၊ သွင်းကုန် အစားထိုး ကုန်ထုတ် လုပ်ငန်းများ ၊ လျှပ်စစ် ဓာတ်အားပေးရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ၊ ထောက်ပံ့ ပို့ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ ၊ ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ၊ တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ ၊ စက်မှု မြို့တော် တည်ဆောက်မှု လုပ်ငန်းများ တို့ဖြစ်သည်။

ထိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အဆိုပြုလွှာ တင်ပြလာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့တို့မှလည်း လိုအပ်သည်များကို ပံ့ပိုး ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.