Connect with us

Local

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ကုန်သွယ်မှု ကျပ် ၈၇၃၃ သန်းကျော်ရှိ

ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းအား တွေ့ ရစဉ်(ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ယခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန် ၁၆ ရက်ထိ ကုန်သွယ်မှု ပမာဏမှာ ကျပ် ၈၇၃၃ သန်းကျော် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဇွန် ၁၆ ရက်ထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) အရေအတွက် ၄၄ ကတ် ခွင့်ပြု ထုတ်ပေးထားပြီး ပို့ကုန် တန်ဖိုး ၄၉၁,၅၆၇,၀၄၈ ကျပ် ၊ သွင်းကုန် တန်ဖိုး ၈,၂၄၂,၀၇၃,၃၉၆ ကျပ်ဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ ကျပ် ၈,၇၃၃,၆၄၀,၄၄၄ ရှိကြောင်း သိရသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေးခဲ့ပြီး တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.