Connect with us

Local

ဒီဂျစ်တယ်နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

စီးပွားရေးလုပ်ငန်းများအကြား ဒီဂျစ်တယ်နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆင်ဟွာကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ သည် နေပြည်တော်တွင် ကျင်းပသည့် 4th e-Government Conference & ICT Exhibition ပြပွဲတွင် စီးပွားရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာတွင် စီးပွားရေးလုပ်ငန်းကဏ္ဍများအကြား ဒီဂျစ်တယ်နည်းပညာပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာရေးဆွဲခြင်း (သို့) စီမံချက်များရေးဆွဲခြင်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးကဏ္ဍများအတွင်း ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် ဒီဂျစ်တယ်နည်းပညာသုံး၍ စီးပွားရေး ပုံစံပြောင်းလဲမှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဒီဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်နိုင်မည့် အခြေအနေကောင်းများ ဖြစ်ပေါ် လာနိုင်ရေးအတွက် ပတ်ဝန်းကျင်ကောင်းများ တည်ဆောက်ရာတွင် အတူတကွပူးပေါင်းဆောင်ရွက်ရန်၊နိုင်ငံသားများ၊ ပြည်သူများ ဒီဂျစ်တယ်နည်းပညာတတ်မြောက်မှု၊ ဒီဂျစ်တယ်နည်းပညာများ တိုးတက်ရေးနှင့် ပြန့်ပွားရေးကို အတူတကွပူးပေါင်းဆောင်ရွက်ရန်စသည့်အချက်များကို ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်က ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.