Connect with us

Local

၂၀၂ဝပြည့်နှစ်အတွင်း  အလုပ်သမားခန့်အပ်မှုဆိုင်ရာ သဘောတူညီချက်ကို လုပ်သား ၃၀,၃၅၄ ဦးအတွက် ချုပ်ဆိုပေးနိုင်ခဲ့ဟု ထုတ်ပြန်

ပြည်တွင်း အထည်ချုပ်လုပ်ငန်းခွင်အတွင်း လုပ်သားများအလုပ်လုပ်ကိုင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

၂၀၂ဝပြည့်နှစ်အတွင်း  အလုပ်သမားခန့်အပ်မှုဆိုင်ရာ သဘောတူညီချက်ကို လုပ်သား၃၀,၃၅၄ ဦးအတွက် ချုပ်ဆိုပေးနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား ၈,၄၃၀ ဦး၊ မ ၂၁,၉၂၄ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်စုစုပေါင်း ၃၀,၃၅၄ ခုချုပ်ဆိုခဲ့ကြောင်း သိရသည်။အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း လက်ခံရရှိမှု ၁၂၈ မှုတွင် အခြားဌာနသို့ လွှဲပြောင်းမှု လေးမှု၊ ကျေအေးမှု ၃၆ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၂၁ မှု၊ ပိတ်သိမ်းမှု ရှစ်မှု၊ ငွေကြေးအကျိုးခံစားခွင့် ၄၅ မှုနှင့် လက်ကျန်အမှု ၁၄ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၁၅၈ ဦးအား ငွေကျပ်  ၁၆၄,၁၅၈,၈၄၁ကို ခံစားခွင့်ရရှိစေခဲ့ကြောင်း သိရသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များ ယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၇၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ၊ အလုပ်ရုံ ၂၉၇ ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု ၂၁၉ ကြိမ် ဆောင်ရွက် ခဲ့သည်။ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် ၂၂ မှုနှင့် ခုံသမာဓိကောင်စီတွင် ခုနစ်မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုး ခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံ အလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ်သမား ၁,၈၄၁ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် သိန်း ၁,၉၀၀ ကျော် ပြန်လည် ထုတ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117