Connect with us

Local

ဒေါ်လာဈေး ၁၀ရက် အတွင်း တစ်ဒေါ်လာကို ၂၂ ကျပ်ခုန်တက်

ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်၌ သြဂုတ် ၂၆ ရက် တွင် တစ်ဒေါ်လာ ကို ကျပ် ၁၅၁၀ ဝန်းကျင်မှ ၉ ရက်ခန့်အတွင်း ၁၅၃၂ ကျပ် အထိ တစ်ဒေါ်လာ ၂၂ ကျပ်ခန့်ဈေးတက်လာခဲ့သည်။

AGD ဘဏ်ကတာဝန်ရှိသူတစ်ဦးက “ငွေဈေးအတက်အကျ ဖြစ်ရတာ က ကမ္ဘာ့ရွှေဈေးတက်တယ်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေလည်း ရှိတယ်။ဒါကြောင့် ဈေးတက်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာတော့ အတက်အကျဆက်ကြမ်းနေနိုင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

KBZ ဘဏ် ၏ အကြီးတန်း အကြံပေးဦးသန်းလွင် က “ငွေဈေးတက်တာက ကမ္ဘာ့စီးပွားရေး အခြေအနေ ကလည်း အကျိုးဆက်ဖြစ်မယ်ထင်တယ်လို့ထင်ပါတယ်။ ဒေါ်လာရဲ့ ဝယ်လိုအားရောင်းလိုအားပေါ်မူတည်။ ဝယ်လိုအား တက်လာတာလည်းဖြစ်နိုင်တယ်။ နယ်စပ်ပိတ်ထားတော့ သွင်းကုန်က နည်းတယ်။ ပို့ကုန် ကလည်းနည်းနည်းတက်လာတာလည်းပါတယ်။အဲဒါတွေကြောင့်တက်တာလို့ ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ယခုရက် ပိုင်းတွင် ဒေါ်လာဈေး ဆက်တိုက် နည်းနည်းချင်းတက်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအတက်အကျကြမ်းသည့်အတွက် ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ခေတ္တရပ်နားထားခြင်းများ ရှိကြောင်း သိရသည်။

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ငွေဈေးတက်တာ က ခန့်မှန်းရခက်တယ်။ ဈေးကစားသူတွေလည်းရှိနိုင်တယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.