Connect with us

Local

ပို့ကုန် တန်ဖိုး တိုးမြှင့်နိုင်မည့် အလားအလာများ ရှိဟုဆို

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ကမ်းလွန်လုပ်ကွက် အမှတ် A-6 မှ သဘာ၀ ဓာတ်ငွေ့တွေ့ရှိမှု နှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာ ကောင်းများကြောင့် နိုင်ငံ၏ အနာဂတ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် မျှော်လင့်ရကြောင်း နှင့် ပို့ကုန် တန်ဖိုးကို တိုးမြှင့် နိုင်မည့် အလားအလာများ ရှိကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့တွင် ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေး ပွဲအား ရန်ကုန်မြို့၌ ယနေ့ပြုလုပ်ခဲ့ရာတွင် ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ပ ကုန်သွယ်မှု အခြေအနေကို ကြည့်ပါက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၃.၅၂၁ ဘီလီယံ အထိ ဆောင်ရွက် နိုင်ခဲ့ပြီး အဆိုပါ ကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍ အနေဖြင့် အမေရိကန် ဒေါ်လာ ၂၇.၂၄၀ ဘီလီယံ(၈၁ ရာခိုင်နှုန်း) အထိ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်ထိ ကိန်းဂဏန်းများ အရ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁၇.၂၉၇ ဘီလီယံ အထိ ရရှိ ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၂.၃၅၃ ဘီလီယံ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ အဆိုပါ ကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၄.၈၁၆ ဘီလီယံ ပါဝင်သည့် အတွက် ၈၅ ရာခိုင်နှုန်း အထိ ပိုမို တိုးတက် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ၊ ပို့ကုန် အနေဖြင့် ၁.၆၃၂ ဘီလီယံ အထိ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကုန်သွယ်မှု လိုငွေ အနေဖြင့် အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့်လျှော့ချ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်း ရှင်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရေး အတွက် ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ကဏ္ဍ အလိုက် ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိရာ ယခု အကြိမ်သည် ၂၀ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ပို့ကုန် ၊ သွင်းကုန် လုပ်ငန်းများနှင့် စပ်လျှဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများ ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ၊ အခွန် ဆိုင်ရာ ကိစ္စရပ်များ ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှင့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍ အလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း အပါအဝင် တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေး တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)