Connect with us

Local

ပဲဈေး တစ်ပတ်အတွင် ကျပ် လေးသောင်းကျော် မြင့်တက်

ပဲစိုက်တောင်သူတစ်ဦးက မတ်ပဲများကို ပြသနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများမှ ပဲဝယ်ယူမှု မြင့်တက်လာ ခြင်းကြောင့် ပြည်တွင်း ပဲဈေးကွက်အတွင်း တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ် လေးသောင်းကျော် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာပဲများကို အိန္ဒိယ နိုင်ငံအပြင် ပါကစ္စတန်နှင့် ဒူဘိုင်းတို့က ဝယ်ယူလာခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲဈေး ပြန်လည် မြင့်တက်လာကြောင်း၊ ယခင် ဓာတုဓာတ်ကြွင်း ပါဝင်မှုကြောင့် ပဲအဝယ် ခေတ္တရပ်ထားခဲ့ရာမှ ပြန်ဝယ်ယူမှုများပြီး ပဲဈေးများ မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။
ပဲစင်းငုံ တစ်တန်လျှင် ကျပ်ဆယ့်သုံးသိန်း တစ်သောင်းရှိပြီး ယခင်တစ်ပတ်က ကျပ်ဆယ့် နှစ်သိန်း ရှစ်သောင်းခန့်သာ ဈေးရှိသည်။

မတ်ပဲ ဈေးနှုန်းသည် တစ်တန်လျှင် ကျပ် ၁၃၂,၀၀၀ ပေါက်ဈေးထိ ဖြစ်လာပြီး ယခင် တစ်ပတ်က ကျပ် ၁၂၈,၀၀၀ သာ ဈေးပေါက်ခဲ့သည်။မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို တစ်နှစ်လျှင် တန်ချိန် ရှစ်ထောင်မှ တစ်သောင်းကြား ပါကစ္စတန်နှင့် ယူအေအီး နိုင်ငံတို့က နှစ်စဉ်ဝယ်ယူသည်။

ပြည်တွင်း၌ ပဲမျိုးစုံ တင်ပို့မှုမှ လာမည့် ငါးလကျော် အတွင်း အမေရိကန် ဒေါ်လာသန်း ၃၀၀ ခန့်သာ ရရှိမည်ဟု မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းက ကြိုတင် ခန့်မှန်းထားသည်။ (Xinhua)