Connect with us

Local

ပြည်တွင်းခရီးသွားလုပ်ငန်းများ၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်လုပ်ကိုင်ရန် ခန့်မှန်းထားဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘတောင်သို့ ပြည်တွင်းဘုရားဖူးပြည်သူများလာရောက်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်တွင်းခရီးသွားလုပ်ငန်းများအား၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်လုပ်ကိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

“ပြည်တွင်းခရီးသွား ပြန်စဖို့ မတ်၊ဧပြီ ခန့်မှန်းထားတယ်၊ ရောဂါထိန်းချုပ်နိုင်မှုပေါ်မူတည်တယ်၊ဒါမှလည်း အလုပ်အကိုင်တွေပြန်ရလာမှာပေါ့” ၎င်းကဆိုသည်။
COVID-19 ကပ်ရောဂါ အခြေအနေအပေါ်မူတည်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် စီစဉ်ထားကြောင်း နှင့် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ခရီးသွားလုပ်ငန်းများက ပြင်ဆင်ထားကြောင်း သိရသည်။

” ပြည်တွင်းမှာ ရောဂါတွေ့ရှိမှုနှုန်းခုလို နည်းနည်းလာပြီး ထိန်းချုပ်လာနိုင်ရင်တော့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုပြန်စချင်ကြပါပြီ “ ဟု ရွှေအိုးစည်ဘုရားဖူးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။COVID-19ကူးစက်ရောဂါအလွန်ကာလ ရပ်ရွာအခြေ ပြုသဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဖော် ဆောင်နိုင်ရန်နှင့် ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်တွင်း၊ပြည်ပခရီးသွားများ သဘာဝ တောတောင် ရေမြေကိုထိတွေ့ခံစားနိုင်ရေး ရည်ရွယ်ပြီး ခရီးစဉ်ဒေသအသစ်များရှာဖွေထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
၂၀၁၉ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ငွေကျပ်၂.၅ ဘီလီယံရရှိခဲ့သော်လည်း၂၀၂ဝပြည့်နှစ်တွင်
ခရီးသွားလုပ်ငန်းတစ်ခုလုံး၏ ဝင်ငွေ ၉၀ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.