Connect with us

Local

Myanmar Trade NET ဖြင့် နှစ်လခွဲအတွင်း သွင်းကုန် ထုတ်ကုန် လိုင်စင် ၂, ၃၀၀ ကျော် ထုတ်ပေးနိုင်ခဲ့ ဟု ဆို

ရန်ကုန်ဆိပ်ကမ်းရှိ ကုန်သေတ္တာများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနသည် Myanmar Trade NET 2.0 ဖြင့် အဆင့်လိုက် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁) ရက် မှ စပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ၊ နှစ်လခွဲကာလအတွင်း သွင်းကုန်/ ပို့ကုန် လိုင်စင် ၂၃၇၃ ခုကို ထုတ်ပေးနိုင်ခဲ့ကြောင်း ၎င်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ယနေ့ ပြောကြားခဲ့သည်။

“Trade NET 2.0 ကို နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ကုန်သွယ်မှု လုပ်ငန်း အဆင့် လေးဆင့် ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်း ၅ ရက်နေ့မှာ လေးဆင့်စလုံး အောင်မြင်ခဲ့ ပါတယ်၊ Trade NET 2.0 အဖွဲ့ဝင် ၃၅၀၀ နီးပါးလည်း ရရှိထားပါပြီ၊ ပို့ကုန်လိုင်စင် ၇၅၀ ကျော်နဲ့ သွင်းကုန်လိုင်စင် ၁၆၀၀ ကျော်ကို ထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ယနေ့နေ့လယ်၌ ပြုလုပ်ခဲ့သည့် ဌာနက အသုံးပြုနေသော Trade NET 2.0 ၏ ဆောင်ရွက်နိုင်မှု အခြေအနေများ အပေါ် မီဒီယာသို့ ရှင်းလင်းခြင်း Video Conferencing အစီအစဉ်တွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်မှု လုပ်ငန်းများ ပိုမို မြန်ဆန် တိကျပြီး တိုးတက်ဖွံ ဖြိုးလာရေးအတွက် ယခု အသုံးပြု လျက်ရှိသည့် Myanmar Trade NET 2.0 သည် Trade NET member လျှောက်ထားခြင်း လုပ်ငန်း၊ ပို့ကုန် သွင်းကုန် ဆိုင်ရာ ဆက်စပ်ကတ်များ လျှောက်ထားခြင်း၊ ပို့ကုန် လိုင်စင် ပါမစ်များ လျှောက်ထားခြင်း၊ သွင်းကုန် လိုင်စင် ပါမစ်များ လျှောက်ထားခြင်း ဟူသည့် အဆင့် လေးဆင့်ကို online ဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ အဆိုပါ Trade NET ကို အသုံးပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီး ဌာန အစရှိ သည့် ကုန်သွယ်လုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် ဌာန ငါးခု အပြင် အခြား အသင်းအဖွဲ့ ၅၄ ခုတို့ပါဝင် ချိတ်ဆက် ကာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်က ဦးတည်လျက်ရှိသည့် e-Government ကို အထောက်အကူပြုပြီး အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရာတွင် online ဖြင့် ဆောင်ရွက်နိုင်ရေး အတွက် ကနဦး စတင်နိုင်ပြီ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေး ဦးစီးဌာန အကြား ယခင်ကဲ့သို့ အေးဂျင့်များ ထားရှိ ဆောင်ရွက်ရန် မလိုတော့သဖြင့် အချက် အလက် ပေါက်ကြားမှု များ မရှိတော့ခြင်း၊ လိုင်စင်လျှောက်ထားရာ၌ မည်သည့် အဆင့်သို့ ရောက်ရှိနေကြောင်းကို ကိုယ်တိုင် အလွယ်တကူ သိခွင့်ရခြင်း၊ အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ အကြား ပိုမို ပွင့်လင်း မြင်သာမှု ရှိလာစေခြင်း စသည့် ကျိုးထူးများ ရရှိစေကြောင်း၊ Trade NET 2.0 သည် သတင်း အချက်အလက်အတွက်သာ သုံးသည့် information website မဟုတ်ဘဲ ငွေပေးငွေယူ လုပ်ငန်း များပါ ပါဝင်သည့် interactive website ဖြစ်ကြောင်း၊ စတင် သုံးစွဲသူ များအတွက် မြင်နေကျ သုံးနေကျ မဟုတ်သည့် new normal type ဖြစ်သောကြောင့် အစ ပိုင်း တွင် စိန်ခေါ်မှု အချို့ ရှိနိုင် ကြောင်း၊ ထိုစိန်ခေါ်မှုများအတွက် မိမိတို့ဌာနက ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လည်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ကုန်သွယ်ရေး ဦးစီးဌာနက ၂၀၁၈ ခုနှစ်၌ စတင် အသုံးပြုခဲ့သည့် Trade NET 2.0 ကြောင့် ဌာန၏ ဝန်ဆောင်မှု အားလုံးကို paperless ၊digital format သို့ ပြောင်းလဲကာ အွန်လိုင်းစနစ်ဖြင့် အသုံးပြုနိုင်ခြင်း၊ ကုန်သွယ်မှုနှင့် ဆက်စပ်ဌာနများအကြား National Single Window ၏ အနှစ်သာရဖြစ်သည့် Single Entry, Single ID လုပ်ငန်းများကို ကနဦး ကြားခံ မိတ်ဆက်ပေး နိုင်ခြင်း၊ အင်တာနက်ရရှိသည့် နေရာတိုင်းမှ ၂၄ နာရီ အလွယ်တကူ လျှောက်ထား ထုတ်ယူ နိုင်ခြင်း၊ ID, QR Scan ပြုလုပ်ခြင်းဖြင့် အချက်အလက်များကို အလွယ်တကူ စစ်ဆေးနိုင်ခြင်း စသည့် ကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ အားသာချက်များ ရရှိစေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.