Connect with us

Local

မဂ္ဂါဝပ် ၂,၀၀၀ ခန့်ထွက်ရှိမည့် ကျောက်မီးသွေးသုံး ခေတ်မီ ဓာတ်အားပေး စက်ရုံကို ကျောက်တန်းဒေသ၌ တည်ဆောက်ရန် အစီစဉ်ရှိဟု သမ္မတ အသိပေး

ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတား ဖွင့်ပွဲ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အောက်ပိုင်းအတွက် အသုံးပြုရန် ကျောက်တန်း ဒေသတွင် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၀၀၀ ခန့်ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးသုံး ခေတ်မီ ဓာတ်အားပေး စက်ရုံ တစ်ရုံ နှင့် ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်း တို ကို တည်ဆောက်ရန် အစီအစဉ်များ ရှိကြောင်း နိုင်ငံတော် သမ္မတက ရန်ကုန်တောင်ပိုင်း ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းတံတား ဖွင့်ပွဲ အခမ်းအနားတွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာတွင် အသိပေး ပြောကြားခဲ့သည်။

လျှပ်စစ်မီးရမှ စက်မှုလက်မှု နိုင်ငံ တည်ထောင် နိုင်မည် ဖြစ်သည်။ လုပ်ငန်းများ အားလုံး အခြေခံမှာ လျှပ်စစ်မီး ရရှိမှ ဖြစ်မည်။ အလွယ်ကူဆုံး နည်းနှင့် အချိန်တို အတွင်း အကုန်အကျ သက်သာအောင် လုပ်နိုင်သည့် နည်းမှာ ကျောက်မီးသွေးနှင့် လျှပ်စစ်မီး ထုတ်လုပ်သည့် နည်း ဖြစ်သည်။ မိမိတို့မျှော်မှန်းထားသည်မှာ နောင်တွင် မြန်မာနိုင်ငံ၏ တောင်ပိုင်းကို ကျောက်မီးသွေးဖြင့် မဂ္ဂါဝပ် ၂,၀၀၀ ခန့်ထွက်သော စက်ရုံ တစ်ရုံ တည်နိုင်မည် ဆိုပါက နိုင်ငံ အထက်ပိုင်းက ထွက်ရှိသည့် ရေအားလျှပ်စစ် အခြေပြု ထုတ်လုပ်နေသည့် လျှပ်စစ် ဓာတ်များသည် နိုင်ငံ အပေါ်ပိုင်းအတွက် အလျှံအပယ် သုံးသွားနိုင်မည် ဖြစ်သကဲ့သို့ တောင်ဘက်ပိုင်း အတွက်လည်း လုံလောက်စွာ သုံးနိုင်မည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရန်ကုန် တောင်ပိုင်းခရိုင် မှော်ဝန်းတံတား ဖွင့်ပွဲ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် ကျောက်မီးသွေး စက်ရုံ တည်ရန် ညှိနိုင်း ဆောင်ရွက်ခဲ့ခြင်းများ ရှိသည်။ နည်းပညာပိုင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံ ၊ ဗဟုသုတ နည်းသည့်အတွက် ကျောက်မီးသွေး စက်ရုံ တည်မည်ဆိုပါက မီးခိုးများ တလူလူထွက်မည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်မည်ဆိုပြီး ဤမျှလောက်သာ စဉ်းစားပြီး ယနေ့ဖြစ်နိုင်ခြေရှိသည့် ကျောက်မီးသွေး စက်ရုံ တည်ရန် ကြိုးစားတိုင်း တစ်ချို့က ဝိုင်းဝန်း ကန့်ကွက်မှုများ ရှိပါသည်။ မိမိတို့လုပ်ဆောင်ပါက ခေတ်မီသည့် နည်းစနစ် ပြည်သူများ အန္တရာယ် မရှိအောင် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ကျောက်တန်း ဒေသသည် မကြာခင်သော ကာလတွင် ဖွံ့ဖြိုးတိုးတက်သော ဒေသကြီး တစ်ခု ဖြစ်လာပြီး သီလဝါ စက်မှုဇုန်နှင့် အပြိုင် တိုးတက်သည့် ဒေသကြီး ဖြစ်လာမည်။ ပင်လယ်ဆိပ်ကမ်း အနေဖြင့်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းလည်း တည်၍ ရသည်။ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းကြီးများ တည်ဆောက်ရန် ၊ လျှပ်စစ်များ အလျှံအပယ် ရရှိအောင် တည်ဆောက်ရန် ၊ ပြည်ပမှ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခြင်းများလည်း ရှိသည်။ ယင်းတို့ကို အကျိုး အပြစ်များ တွက်ချက်ပြီး နိုင်ငံအတွက် အကျိုးရှိမည်။ ပြည်သူ့များအတွက် အကျိုးရှိမည် ဆိုပါက ဆက်လုပ်သွားရန် ရှိသည်။ မြို့ပြ စီမံကိန်းများ ထူထောင်ရန် စိတ်ကူး ၊ စီမံပြင်ဆင်ထားခြင်းများ ရှိသည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဒေသတစ်ခု ဖွံ့ဖြိုး တိုးတတ်အောင် လုပ်ဆောင်ရန် ဒေသတည် ငြိမ်အေးချမ်းမှု ၊ တရား ဥပဒေစိုးမိုးမှု ရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်၍ အစိုးရနှင့် အတူ ပြည်သူ အားလုံးက ပါဝင် ပူးပေါင်း ကြိုးပမ်း ပေးကြပါရန် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

ကျောက်တန်း ဒေသသည် သီလဝါ စက်မှုန်နှင့် ဆက်စပ်ပြီး မကြာမီ ဖွံ့ဖြိုး တိုးတက်သော ဒေသကြီး တစ်ခု ဖြစ်လာမည်။ အကြမ်းအားဖြင့် တောင်ဘက်တွင် သန်လျင် ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ တို့အပါအဝင် မြောက်ဘက်တွင် ပဲခူးတိုင်း နယ်နိမိတ်နှင့် ဆက်စပ်နေသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်ဝ နှင့် ဆက်စပ်နေသည်။ စစ်တောင်းမြစ် သည် နုန်းများ ပို့ချလာသည့်အတွက် နောင်ဆိုလျှင် ဤဒေသ၏ အရှေ့ဘက်အစွန်မှ စစ်တောင်းမြစ်ကို ဖြတ်ပြီး အရှေ့ဘက်ကို တံတား တစ်ခု တည်ဆောက်မည် ဆိုပါက မွန်ပြည်နယ်နှင့် တိုက်ရိုက် တောင်ဘက်ခြမ်းမှ နေ၍ ဆက်သွယ်သွားလာနိုင်မည့် လမ်းတစ်ခု ဖြစ်လာမည်ဟု သိရသည်။ (Xinhua)