Connect with us

Local

မဒေးကျွန်း ဆိပ်ကမ်း ရေနံစိမ်း ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံစိမ်း အပြည့်အဝ ပို့လွှတ်နိုင်ရန် ပြင်ဆင်

တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းဖြစ်သည့် မဒေးကျွန်း ဆိပ်ကမ်း ရေနံစိမ်း ပိုက်လိုင်းမှ တစ်ဆင့် ရေနံစိမ်းအပြည့်အဝ ပို့လွှတ်နိုင်ရန် ပြင်ဆင်နေကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် မဒေးကျွန်း ဆိပ်ကမ်း ရေနံစိမ်း ပိုက်လိုင်း၏ အဓိက ပိုက်လိုင်း သွယ်တန်းမှု ပြီးစီးလျှက်ရှိပြီး နည်းပညာပိုင်း ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် ယခုနှစ်ကုန်ပိုင်းမှသာ တရုတ်နိုင်ငံသို့ ရေနံစိမ်း အပြည့်အဝပို့ လွှတ်နိုင်မည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CNPC (China National Petroleum Corporation) ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းသော ရခိုင်ပြည်နယ် မဒေးကျွန်း ဆိပ်ကမ်း ရေနံစိမ်း ပိုက်လိုင်းမှ နှစ်စဉ် ရေနံစိမ်း တန်ချိန် ၂၂ သန်းခန့် သယ်ဆောင်မည် ဖြစ်သည်။

အဆိုပါ ရေနံစိမ်း တန်ချိန် ၂၂ သန်းခန့် ကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပြည်တွင်း သုံးစွဲမှု အတွက် ခွဲဝေ ပို့လွှတ်မည် ဖြစ်သည်။

မဒေးကျွန်း ရေနံတင် ဆိပ်ကမ်း စီမံကိန်းကို ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် လုပ်ငန်း ဆောင်ရွက်မှု ပြီးစီးခဲ့ပြီး ယင်းဆိပ်ကမ်းတွင် ရေနံစိမ်းတန်ချိန ် ၃၀၀,၀၀၀ ဆံ့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကာ လုပ်ငန်း စီမံကိန်း ကာလသည် နှစ်ပေါင်း (၃၀) ရှိသည်။

မဒေးကျွန်း ရေနံဆိပ်ကမ်းနှင့် ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂.၄၅၃၂ ဘီလီယံ ရင်းနှီးမတည် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှ ၁. ၂၀၄ ဘီလီယံ ပါဝင်ခဲ့သည်။

မဒေးကျွန်း ဆိပ်ကမ်း ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းသည် မြန်မာ အစိုးရက ၄၉ ရာခိုင်နှုန်းနှင့် တရုတ် နိုင်ငံက ၅၁ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာ အစိုးရအနေဖြင့် ရေနံပိုက်လိုင်း ဖြတ်သန်းခနှင့် ရေနံစည်များ တင်ပို့မှုအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂ သန်း နှစ်စဉ် ရရှိမည်။

မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းဖွင့်ပွဲနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ကနဦး လုပ်ငန်းများ စတင်ခြင်း အခမ်းအနားကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့က ကျင်းပ ဖွင့်လှစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.