Connect with us

Local

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ အကူအညီပေးမည်

ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim မှ IMF- World bank ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေစဉ် (Xinhua)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (IDA ) နှင့် မြန်မာနိုင်ငံ အကြား ၂၀၁၅ ခုနှစ် မှ ၂၀၁၇ ခုနှစ်အတွင်း ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်အဖြစ် မြန်မာနိုင်ငံအား ချေးငွေနှင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁.၆ ဘီလီယံ ကူညီ ပေးသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ဧပြီလ (၂၃) ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။အဆိုပါ ကူညီမှုသည် နှစ်ပေါင်း ၃၀ ကာလအတွင်း ကမ္ဘာ့ဘဏ်၏ ပထမဆုံးသော မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု တစ်ခုဖြစ်သည်။ လာမည့် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရှိ မိခင်နှင့် ကလေး သုံးသန်းခန့် အတွက် ကျန်းမာရေး ဝန်ဆောင်မှုများ၊ မြန်မာနိုင်ငံ အတွက် လျှပ်စစ် အပါအဝင် အခြားသော ဝန်ဆောင်မှု များလည်း ရရှိမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ် အုပ်စု ပုဂ္ဂလိက ဆိုင်ရာများနှင့် ပက်သက်၍ မြန်မာနိုင်ငံသည် ရင်းနှီး မြှုပ်နှံမှုများတွင် အမေရိကန် ဒေါ်လာ (၁) ဘီလီယံရရှိမည်ဖြစ်သည့်အပြင် နည်းပညာ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ မီလီယံ၂၀ လည်း ရရှိမည်ဖြစသည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် ၁၉၈၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အတွက် ပထမဆုံး ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် အုပ်စုအနေဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ မီလီယံ ၁၅၀ အကူအညီ ပေးရန်လည်း ရည်ရွယ် ထားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအား ကူညီလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ နည်းပညာ အထောက်အပံ့နှင့် အတတ်ပညာများပါ ကူညီသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.