Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် အချို့သောလုပ်ငန်းများသာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ရန်လိုအပ်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ (M.I.C) အတွင်းရေးမှုး ဦးအောင်နိုင်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် အချို့သောလုပ်ငန်းများသာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ရန်လိုအပ်ပြီး ကျန်သည့် လုပ်ငန်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ များအား လုပ်ပိုင်ခွင့်လွှဲထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေနှင့် ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းများအား ကုန်ကြမ်းတင်သွင်းမှုများအတွက် အကောက်ခွန် ကင်းလွတ်ခွင့် အကန့်အသတ်မရှိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ (M.I.C) အတွင်းရေးမှုး ဦးအောင်နိုင်ဦးက မီဒီယာများ နှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

ဥပဒေသစ်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့ တင်ရမည့် လုပ်ငန်းများသည် အစိုးရ၏ မဟာဗျူဟာထဲတွင် ပါဝင်သည့် လုပ်ငန်းများ သာတင်ရန်လိုအပ်ကြောင်း၊ အဝေးပြေးလမ်းမကြီးများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကြီးများ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏမြင့်မားသည့် လုပ်ငန်းကြီးများ ၊ သဘာဝပတ်ဝန်း ကျင်အား ကြီးမားသည့် သက်ရောက်မှုပေးနိုင်သော လုပ်ငန်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဥးီတွေကို အသုံးပြုရမည့် လုပ်ငန်းများ နှင့် အစိုးရအဖွဲ့ အနေဖြင့် M.I.C က စိစစ်ရန် လိုအပ်ကြောင်း ပြောသည့် လုပ်ငန်းများအားစိစစ်သွားမည်ဟု သိရသည်။

ဦးအောင်နိုင်ဦးက “ဥပဒေသစ်ရဲ့ ထူးခြားချက်နောက်တစ်ခုက အခွန် ကင်းလွတ် ခွင့်နဲ့ပတ်သက်တာပါ။ အရင်က M.I.C ခွင့်ပြုတဲ့လုပ်ငန်းတွေ အားလုံးကိုဝင်ငွေ ခွန် ၅နှစ်အထိကင်းလွတ်ခွင့်ပေးပါတယ် ။ခု ဥပဒေမှာတော့ နိုင်ငံတော် က မြှင့်တင်ဆောင်ရွက်ဖို့သတ်မှတ်ထားတဲ့ နယ်ပယ်တွေမှာ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ကိုပဲ အခွန် ကင်း လွတ်ခွင့် ပေးမှာပါသိပ်ပြီးဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာလုပိကိုင်တဲ့ လုပ်ငန်းမျိုးတွေကိုတော့ ဝင်ငွေခွန် ၇နှစ်အထိ ကင်းလွတ်ခွင့် ပေးမှာပါ’’ ဟုပြောသည်။

အချို့လုပ်ငန်းများသည် ယခင်က ပို့ကုန်မပို့သော်လည်း ယခု ဈေးကွက်ရသည့်အတွက် ပို့ကုန်ပို့မည်ဆိုပါက ယခင်ကဆောင်ထားသည့် ကုန်ကြမ်းတင်သွင်း အကောက်ခွန် များပြန်အမ်းပေးမည်ဖြစ်ကြောင်း၊

ဥပဒေသစ်အရ အခြားအချက်အလက်များသည် တည်ဆဲ လုပ်ငန်းများအား သက်ရောက်သော်လည်း အခွန် ကင်းလွတ်ခွင့်အနေဖြင့် လက်ရှိတည်ဆဲ ရင်းနှီးမြှုပ်နံမှုများ အနေနှင့် ပို့ကုန် လုပ်ငန်းလုပ်သူမှ အပ ခံစားခွင့်မရှိကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီ များအက်ဥပဒေကို သမ္မတ ထံတင်ပြထားပြီးဖြစ်ကြောင်း၊ မကြာမီ လွှတ်တော်သို့ တင်သွင်းနိုင်တော့မည်ဖြစ်ကြောင်း ဆိုသည်။

ဦးအောင်နိုင်ဦးက “အစိုးရရဲ့ ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေနဲ့ ဒေသတွေပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒကတော့ ရက်ပိုင်းအတွင်းထွက်ရှိတော့မှာပါဒီ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ ၆ဘီလျံ ခန့်မှန်းထားပေမယ့် အခု ၆လထိမှာ ယခင် ဘဏ္ဍာနှစ်အလားတူကာလထက်နှေးကွေးနေလို့ လျာထားချက်ပြည့်မီမယ်လို့ပြောလို့မရသေးပါဘူး’’ ဟုပြောသည်။

အီးယူ ဟောင်ကောင်တို့နှင့် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှု သဘောတူညီမှု စာချုပ် Bilateral Investment Treaty ချုပ်ဆို သွားရန်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.