Connect with us

Local

၂၀၁၆ ခုနှစ် အောက်တိုဘာလလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂ခုအား ခွင့်ပြုပြီးဖြစ်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ် အောက်တိုဘာလလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆၆၂.၈၃၅ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂ခု၊ အမေရိကန်ဒေါ်လာ ၉၉.၈၈၆ သန်း အားခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၇ရက် နေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း ၁၄ ခုခွင့်ပြုခဲ့ပြီး ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ခု ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ မီဒီယာများ နှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

စက်တင်ဘာလ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၇ရက် နေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း ၁၄ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၇၈.၉၅၈ ရှိပြီး၊ စက်မှုလုပ်ငန်း ၁၃ ခုနှင့် ပို့်ဆောင်ဆက်သွယ်ရေးလုပ်ငန်း ၁ခုတို့အား ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၃.၈၂၇ သန်း ရှိပြီး၊ ခွင့်ပြုလုပ်ငန်းမှာ စက်မှုလုပ်ငန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117