Connect with us

Local

မြန်မာနိုင်ငံ၌ သတ္တုစတော့ဈေးကွက် ပေါ်ပေါက်လာရန် စီစဉ်

ရန်ကုန်မြို့ရှိ စတော့အိတ်ချိန်းရုံးအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

သတ္တုတွင်းထွက် ပစ္စည်းရောင်းဝယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ သတ္တုစတော့ဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

” ပြည်တွင်းကသတ္တုကို ရောင်းချရာမှာ စတော့ဈေးကွက် အနေနဲ့ ဖော်ဆောင်နိုင်ဖို့ စီစဉ်နေတယ်၊ နိုင်ငံတကာနဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်းအဝယ် ချိတ်ဆက်တင်ပို့ရမှာမို့ နည်းနည်းတော့ အချိန်ယူရမှာပါ”ဟု မြန်မာနိုင်ငံ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။မြန်မာနိုင်ငံ၌ သတ္တုတူးဖော်ရေး လုပ်ငန်း၌ ကြေးနီထုတ်လုပ်မှု ကဏ္ဍတစ်မျိုးတည်း အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံ၍ တန်ချိန်ပေါင်းတစ်သောင်းခန့် ထုတ်လုပ်လျက် ရှိသည်။နီကယ်လ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး သတ္တုတွင်း တူးဖော်လုပ်ကိုင်မှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ၌ နည်းဥပဒေ ရေးဆွဲနေကြောင်း၊ အဆိုပါ နည်းဥပဒေ ထွက်ပေါ်လာပါက ယင်းကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော အသေးစားနှင့် အလတ်စားသတ္တုတွင်း လုပ်ငန်းရှင်များအနေဖြင့် အခွင့်အလမ်း ပိုမိုရလာနိုင်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117